ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဘာမွတ်မြို့အနီးက တိုက်ပွဲတစ်ခုအတွင်း ရုရှားတပ်မှူးနှစ်ဉီး သေဆုံးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုတွန်းလှန်ဖို့ ကြိုးစားရင်း လက်နက်ကြီးကျည်စတွေ ထိမှန်တာ ကြောင့် ရုရှားတပ်မှူးတစ်ဉီး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ဘာမွတ်မြို့တော် အနောက်ပိုင်းဧရိယာတွေကို သိမ်းပိုက်နိုင်ဖို့ ရုရှားတပ်ဖွဲ့တွေက ဆက်လက်ကြိုးပမ်းခဲ့ ကြောင်း၊ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအားလုံးကို တွန်းလှန်နိုင်ခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆက် ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက မကြာသေးမီကပြုလုပ်ခဲ့တဲ့ တန်ပြန်တိုက်ခိုက်မှုတွေအတွင်း ဘာမွတ်မြို့တော်ရှိ ဧရိယာအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမေရိကန် အတိုင်ပင်ခံအဖွဲ့တစ်ခုဖြစ်တဲ့ Institute for the Study of War က မေလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယခုအခါ ကောင်းစွာ မလေ့ကျင့်ရသေးတဲ့ အရန်တပ်ဖွဲ့ဝင်တွေကို အသုံးပြုနေပြီး ခေတ်နောက်ကျနေပြီဖြစ်တဲ့ စစ်လက်နက်တွေအပေါ် ပိုမို မှီခိုနရတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားတပ်ဖွဲ့ဟာ တိုက်ခိုက်မှုခံနေရတဲ့ ကီလိုမီတာ ၁၂၀၀ တစ်လျောက် ကြီးမားတဲ့ စစ်ဆင်ရေးတွေ ထိ ရောက်စွာ မလုပ်ဆောင်နိုင်တော့ဘူးလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ယုံကြည်ပါတယ်။
ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံအနောက်ပိုင်းမှာ မေလ ၁၃ ရက်က ရုရှားဂျက်တိုက်လေယာဉ်နဲ့ ရဟတ် ယာဉ် ၄ စင်း ပစ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
ရုရှားဂျက်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ၄ စင်းကို ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းလေတပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ယူရီအိုင်နတ်က မေလ ၁၄ ရက်မှာ ဒေသန္တရမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ရဟတ်ယာဉ်သုံးစင်း အပါအဝင် ရုရှားနိုင်ငံက လေယာဉ် ၅ စင်း ဆုံးရှုံးခဲ့ကြောင်း၊ ရုရှား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က လေယာဉ်တွေကို မှားယွင်းပြီး ပစ်ချခဲ့တာလို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Russia: Two commanders killed in combat near Ukraine’s Bakhmut