ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
ထိုင်း အထွေထွေရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီနှစ်ခုက အောက်လွှတ်တော်မှာ အ မတ်နေရာအများစု အနိုင်ရရှိဖို့ မျှော်မှန်းရပါတယ်။
အာဏာသိမ်းပြီးနောက် ၉ နှစ်အကြာမှာ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရက အာဏာ ကို ဆက်လက်ချုပ်ကိုင်နိုင်ခြင်း ရှိ မရှိကို ရွေးကောက်ပွဲအပေါ် လေ့လာစောင့်ကြည့်နေကြသည်။
မဲအရေအတွက် ၉၇ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ Move Forward ပါတီက အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိဖို့ ခန့်မှန်းထားပါတယ်။ Move Forward ပါတီက စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှု ဖယ်ရှားဖို့ တောင်းဆိုနေပြီး ငယ်ရွယ်သော မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတန်တန်ရှင်နာဝပ်ထရာ ဉီးဆောင်တဲ့ အကြီးမားဆုံး အ တိုက်အခံ Phue Thai (PTP) ပါတီက မျှော်လင့်ထားတာထက်နည်းပါးတဲ့ အမတ်နေရာ ၁၄၁ နေရာ အနိုင်ရရှိဖို့ မျှော်မှန်းပါတယ်။
United Thai Nation ပါတီကို ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာက အမတ်နေ ရာ ၃၆ နေရာ အနိုင်ရရှိမယ်လို့ မျှော်မှန်းရပါတယ်။
လွှတ်တော်အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်နဲ့ စစ်တပ်ကခန့်အပ်တဲ့ အထက်လွှတ်တော်က ဝန်ကြီး ချုပ်သစ်ကို ရွေးချယ်မှာဖြစ်တာကြောင့် အစိုးရအပြောင်းအလဲ ရှိ မရှိ တိတိကျကျ မသိရသေးပါဘူး။
ရွေးကောက်ပွဲရလဒ်တွေ ရေတွက်မှုပြီးဆုံးချိန်မှာ ဝန်ကြီးချုပ်သစ်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ် တော်က ဆန္ဒမဲပေး ရွေးချယ်မှာဖြစ်ပါတယ်။
အထက်လွှတ်တော် အမတ်အများစုက စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီတွေကို ဉီးစားပေးပြီး မဲပေးမယ် လို့ မျှော်မှန်းရပါတယ်။
အဓိက အတိုက်အခံ နိုင်ငံရေးပါတီနှစ်ခုကြား မူဝါဒပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ဆွေးနွေးမှုတွေက အစိုးရသစ်ဖွဲ့စည်းရေးကို ဖြစ်လာစေခြင်းရှိ မရှိ မေးခွန်းတွေ လည်း ရှိနေပါတယ်။
ဓာတ်ပုံ – Al Jazeera
ကိုးကား – NHK
Ref; Thai opposition set to win majority in lower house, coalition talks expected