ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် တိုက်ခတ်နေသည့် မိုခါဆိုင်ကလုံးမုန်တိုင်းမှာ စစ်ကိုင်းတိုင်း အနောက်ပိုင်းနှင့် အလယ်ပိုင်းကို ယနေ့ည ၁၀ နာရီမှ ၁၂ နာရီကြားဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လေတိုက်နှုန်းမှာ တစ်နာရီ ၇၀ မိုင်အထိရှိနိုင်မည်ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ကာ နာဂတောင်တန်း ကုန်းမြင့်ဒေသများတွင်မြေပြိုမှုများဖြစ်နိုင်သည်ဟု မိုးလေဝသပညာရပ် လေ့လာသုံးသပ်သူဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် သတိပေးထားပါသည်။

အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် စစ်ကိုင်းတိုင်းအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကချင်ပြည်နယ်ကို အားကောင်းသောကုန်တွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်ရွေ့လျားနိုင်ကြောင်းလည်း စစ်ကောင်စီ၏ မိုးဇလက ခန့်မှန်းထားပါသည်။

#စစ်ကိုင်း #မိုခါ #Ayeyarwaddy_Times