ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်
အလွန်အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာချိန်မှာ ရေအမြင့်ပေ ၁၀ ပေကျော်လာတယ်လို့ မိုးလေဝသလေ့လာ သုံးသပ်သူ ဆရာ ဦးထွန်းနိုင်က ဆိုပါတယ်။
လေတိုက်နှုန်းကတော့ ၁၃၆ မိုင်ကို ကျရောက်လာတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးထားပါတယ်။
မုန်တိုင်းဖြတ်ကျော်ချိန်မှာ လေပြင်းတိုက်တဲ့ဒဏ်အပြင် ၁၀ ပေကျော်အမြင့်ရှိတဲ့ ရေထုကြီး အရှိန်အဟုန်နဲ့ ဝင်လာမယ့်ဒဏ် သဘာဝဘေး ၂ မျိုးခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မုန်တိုင်းဖြတ်ကျော်မယ့် ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ခိုင်ခန့်ထူထဲတဲ့ အကာအကွယ်များယူပြီးနေကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့ပြင် အိမ်တွေထဲမှာ မွေ့ရာထူထူရှိရင် အဲ့ဒါနဲ့ ပတ်ပြီး အကာအကွယ်ယူထားဖို့ ပြူတင်ပေါက်တွေနားကို မသွားပါဖို့နဲ့ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ဂရုစိုက်ကြဖို့နဲ့ အပြင်လုံးဝမထွက်ကြဖို့လည်း သတိပေးထားပါတယ်။