ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ချမ်းသာ ကုန်းကျေးရွာနှင့် အင်းပက်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ယနေ့မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုး ၀င်ရောက်၍ ပစ်ခတ်မှုများကြောင့် ဒေသခံ ၃၀၀၀ ၀န်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံ အဖွဲ့အစည်းများထံက သိရသည်။

ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကောင် စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချမ်း သာကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်၀င်ရောက်လာသဖြင့် ကလေးငယ်တစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒေသခံများ မိုးထဲလေထဲထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။

“စစ်တပ်က လူမဆန်တာ ထက်ကိုပိုပါတယ်။ အဘက်ဘက်က လိုက်ယုတ်မာတာပါ။ လူတွေဘယ်လိုဒုက္ခ ရောက်မလဲ အကုန်လုပ်တာပါ။ သူတို့ဆီက ဘာမှမျှော်လင့်ထားလို့မရပါဘူး။ အခု မုန်တိုင်းကာလမှာ ကလေးတွေနဲ့ မိုးရေထဲ ပြေးနေရတာပါ”ဟု ခင်ဦးမြို့နယ် စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့သည် ယနေ့နံနက်အစောပိုင်းမှ စတင်၍ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်လျက်ရှိရာ ခင်ဦးမြို့အနောက်ခြမ်း အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ကုန်းသာရွာတို့မှ ဒေသခံ ၃၀၀၀ ၀န်းကျင်မှာ ရာသီဥတု ဆိုးရွားနေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပုံစာ-ခင်ဦးတွင်ယနေ့ နံနက်ပိုင်းက စကစမှစစ် ကြောင်းထိုးမှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်
#စစ်ကိုင်း #ခင်ဦး #စစ်ကောင်စီ #ပျူစောထီး #စစ်ကြောင်းထိုး #စစ်ရှောင် #၃၀၀၀ #Ayeyarwaddy_Times