ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်

တောင်အာဖရိကနိုင်ငံက ရုရှားသို့ စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့ တောင်အာဖရိကနိုင်ငံဆိုင် ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

အာဖရိကတိုက်ရဲ့ အရေးပါတဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ တောင်အာဖရိကက ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်အပေါ် ကြားနေဝါဒ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ကိတ်ပ်တောင်းမြို့အနီးရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ ရုရှားကုန် တင်သင်္ဘောတစ်စင်းပေါ် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တင်ပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံက ယုံကြည် ကြောင်း သံအမတ်ကြီး ရူဘင်ဘရတ်ဂီတီက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“ဒဏ်ခတ်အရေးယူထားတဲ့ ရုရှားကုန်တင်သင်္ဘောတစ်စင်း ဆိုက်ကပ်မှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံ က အလွန်အမင်း စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ စိုးရိမ်တဲ့အကြောင်းကိုလည်း တောင်အာဖရိက တာဝန်ရှိသူတွေ ကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲလ်က ပြောပါတယ်။

အမေရိကန်သံအမတ်ကြီးရဲ့ မှတ်ချက်စကားက နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဖက်ဆောင် ရွက်မှုစိတ်ဓာတ်ကို ထိခိုက်စေတယ်လို့ တောင်အာဖရိက သံမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့ကိစ္စမှာ အထောက်အထားမရှိကြောင်း၊ အဆိုပါကိစ္စနဲ့ ပတ်သက်လို့ အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တောင်အာဖရိကနိုင်ငံက ဖေဖော်ဝါရီလအတွင်း ရုရှား၊ တရုတ်တို့နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ရုရှားလိုလားတဲ့ ရပ်တည်ချက်ပြသတာကြောင့် ပြည်တွင်းမှာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

ဓာတ်ပုံ/ကိုးကား – NHK
Ref; South Africa provided weapons to Russia, US ambassador says