ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ မေလ ၁၄ ရက်
ရခိုင်ပြည်နယ်ကို ၀င်ရောက်မည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသတင်းကြောင့် ရန်ကုန်မြို့၌ အခြေခံစား သောက်ကုန်များနှင့် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများ သုံးရက်အတွင်း မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
မုန်တိုင်း၀င်ရောက်မည်ဆိုသည့်သတင်းကြောင့် မြို့နေ ပြည်သူများသည် ရိက္ခာများကြိုတင်၀ယ်ယူ စုဆောင်းမှုများကြောင့် ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။
“ဆန်တွေလည်းဈေးတက်တယ်။ ကျတယ်တော့မရှိပါဘူး။ ဆန်ကြမ်းတစ်အိတ်ကို ရှစ်သောင်းကျပ်ဖြစ်သွားပြီ။ ဆီလည်း တစ်ပိသာကို သုံးသောင်းခွဲကျော်ဖြစ်နေပြီ။ မုန်တိုင်းတိုက် မယ်လို့ အသံကြားကတည်းက တရိပ်ရိပ်တက်တာ” ဟု ရန်ကုန်မြို့ တာမွေမြို့နယ်နေ အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်တပ်မှအာဏာသိမ်းပြီးနောက် မြင့်တက်လာသည့် ကုန်ဈေးနှုန်းသည် ယခင်က ကျားပျံပေါ်ဆန်းတစ်ပြည်ကို ၄၀၀၀ မှ ယခုအခါတွင် ၆၀၀၀ ဖြစ်နေသည် ဟုဆိုသည်။
ထို့အပြင် အိမ်ဆောက်ပစ္စည်း စျေးကွက်လည်း သံဈေးမှာ တစ်တန်လျှင် ကျပ်နှစ်ဆယ့်သုံးသိန်းမှ ယခုအခါ တစ်တန်လျှင် နှစ်ဆယ့်ငါးသိန်းနီးပါးဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်ကြီးများထံမှ သိရသည်။
အဆိုပါမုန်တိုင်းသည် အရမ်းအားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိနေပြီး လက်ရှိ တိုင်းထွာချက်မျာအရ ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၅၀ အကွာခန့်သို့ မုန်တိုင်းရောက်ရှိနေပြီဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MFID
#ရန်ကုန်#ကုန်ဈေးနှုန်း#မြင့်တက်#မုန်တိုင်း
#Ayeyarwaddy_Times