ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့တာကို ဒဏ်ခတ်အရေးယူဖို့ ဥရောပသမဂ္ဂကို တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဉရောပပါလီမန်က အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာစစ်တပ်ရဲ့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေကို အိုးအိမ်စွန့်ခွာစေခဲ့တာကြောင့် လူသားချင်းစာ နာမှု အကျပ်အတည်းတစ်ရပ် ဖြစ်စေခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေက အရပ်ဘက်သုံး လေယာဉ်ဆီတွေကို အသုံးပြုနေလို့ မြန်မာ နိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှု အပြီးတိုင် ပိတ်ပင်မှသာ လေကြောင်းတိုက်ခိုက်မှုတွေ လျှော့ချနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ ဉရောပကုမ္ပဏီတွေရဲ့ ပါဝင်တဲ့အခန်းကဏ္ဍကို Amnesty International နဲ့ Global Witness တို့က ဖော်ထုတ်ခဲ့ပါတယ်။
အမှတ် ၂ သတ္ထုတူးဖော်ရေးလုပ်ငန်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် အပါအဝင် မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်တွေအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူဖို့ ဉရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းက တောင်း ဆိုခဲ့ပါတယ်။
ဉရောပသမဂ္ဂရဲ့ တောင်းဆိုချက်တွေထဲမှာ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်း ပေးရေး ထောက်ခံဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ရန်ပုံငွေပံ့ပိုးမှု တိုးမြှင့် ပေးဖို့လည်း ပါဝင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးထောက်ခံမှုပေးနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကို လည်း ဉရောပပါလီမန်က ရှုတ်ချခဲ့ပါတယ်။
ဉရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းက မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှုအပေါ် ဒဏ်ခတ်အရေးယူ ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရပေါက်တွေအပေါ် ဒဏ်ခတ်အရေးယူမှု ဖော်ဆောင်မှု အရှိန်မြှင့်ဖို့ ဉရောပသမဂ္ဂကို ဖိအားပေးမှုး တိုးမြှင့်လိုက်တာဖြစ်ပါတယ်။
ကိုးကား – Burma Campaign UK
Ref; European Parliament Calls For Burma Aviation Fuel Sanctions
#Ayeyarwaddy_Times