ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ကန်သုံးဆင့်ကန်မှာ မေလ ၁၂ ရက်နေ့က အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေးငယ်တွေအုပ်စုလိုက် ရေဆင်းကူးရင် ရေနစ်ပိုင်းကိုရောက်သွားတာကြောင့် ခုလိုမျိုးရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” ကလေးတွေ အုပ်စုလိုက်ကူးကြတာလို့ပြောတယ်၊ မကူးတတ်တဲ့ကလေးတွေကလဲ ရေတိမ်တယ်ဆိုပြီးဆင်းဆော့ကြတာတဲ့၊ ခုသေဆုံးသွားတဲ့ ကလေးက ရေမကူးတတ်ဘူး ကန်သုံးဆင့်က ရေသေကန် လူခဏခဏ နစ်ပြီးသေတာများတယ် မိဘတွေ ကလေးတွေကို သတိထားစေခြင်တယ်”လို့ပုသိမ် ဒေသခံတစ်ဦးကပြောပါတယ်။
ရေနစ်သွားတဲ့နေရာ ကန်သုံးဆင့်ကန် သရက်ပင် မောင်နှမ လမ်းထိပ်ဘက်မှာဖြစ်ပြီး ရေနစ်သွားသူကလေးငယ်ကို လိုက်လံရှာဖွေကြရာမှာ ညနေပိုင်းမှာ ရေအောက်မှာပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူဟာ အသက် ၁၄ နှစ်အရွယ်သာရှိပြီး ပုသိမ်မြို့ ယိုးဒယားကုန်းရပ်ကွက်မှာနေထိုင် တယ်လို့သိရပါတယ်။
သူ့ရဲ့ရုပ်အလောင်းကို ပုသိမ်မြို့ကပရဟိတအဖွဲ့တွေက ပုသိမ်ဆေးရုံကြီးကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
#ပုသိမ်မြို့ #ကန်သုံးဆင့် #ကလေးတစ်ဦး #ရေနစ်သေဆုံး #Ayeyarwaddy_Times