ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မေလ ၁၄ ရက်နေ့ မနက်ပိုင်းက စတင်ကာ စစ်တွေမြို့နားကနေ ကုန်းတွင်း ဒေသကို ဝင်ရောက်မှာဖြစ်ပြီး ကချင်ပြည်နယ်ရောက်မှသာ အင်အားလျော့ပျက်ပြယ်မယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဆရာ ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့နယ်ထဲက ကျောက်ပန္ဒူနဲ့ မြင်းလွှတ်ကျေးရွာကြားကနေ ဖြတ်ကျော် မယ်လို့ ခန့်မှန်းထားပြီး လေတိုက်နှုန်းကတော့ တစ်နာရီ ၁၂၀ မိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် စစ်တွေမြို့မှာ ရေ ၂ မီတာနီးပါးနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသတွေနဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ထိမှာ ရေအမြင့်ပေ ၀.၅ မီတာကနေ ၁ မီတာထိ မြင့်တက်လာနိုင် တယ်လို့ ဆိုပါတယ်။
မုန်တိုင်းကုန်းတွင်းဝင်ရောက်ချိန်မှာ ရခိုင်ရိုးမတောင်တန်းနဲ့ ချင်းတောင်တန်းတို့ရဲ့ မြေမျက်နှာသွင်ပြင် ကြောင့် အလျင်အမြန်အားလျော့သွားနိုင်တယ်လို့လည်း ခန့်မှန်ထားပါတယ်။
ကုန်းတွင်းဝင်ရောက်ပြီးနောက်ပိုင်း မိုခါဆိုင်ကလုန်းမုန်တိုင်းအား အလျင်အမြန်အားပျော့ပြီး ကုန်းတွင်း မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းအဆင့်ကနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ထိရောက်ကာ အင်း လျော့ပျက်ပြယ်သွားမယ်လို့ ဆိုပါတယ်။