ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့ ရန်ပုံ ငွေတွေ အပါအဝင် ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီသစ် ပေးအပ်မယ်လို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ပါတယ်။
ယူကရိန်း လုံခြုံရေးအကူအညီ အစီအစဉ် (USAI) ရန်ပုံငွေကို စစ်လက်နက်တွေဝယ်ယူဖို့ သုံးစွဲမှာဖြစ်ပြီး အမေရိကန်အစိုးရကို လက်နက်ကုမ္ပဏီတွေမှ စစ်လက်နက်ဝယ်ယူခွင့်ပြုမှုဖြစ်ပါတယ်။
စစ်ရေးအကူအညီသစ်အရ ယူကရိန်းနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရရှိမှာဖြစ်သလို အ နောက်နိုင်ငံတွေရဲ့ လောင်ချာ၊ ဒုံးကျည်နဲ့ ရေဒါစနစ်တွေနဲ့ပေါင်းစပ်မယ့် နည်းပညာအကူအညီ ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံက ယူကရိန်းသို့ ၁၅၅ မီလီမီတာ ဟောင်ဝှစ်ဇာအမြောက်ကျည်တွေ၊ ဒရုန်းတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ လေ့ကျင့်ရေးကိရိယာတွေ ထောက်ပံ့မယ်လို့ သိရပါတယ်။
ဒီနှစ်အတွင်း USAI အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသို့ ဒေါ်လာ ၅ ဘီလီယံတန် ကြေးရှိ လုံခြုံရေးအကူအညီ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းစစ်တပ်အတွက် စစ်လက်နက်တွေဝယ်ယူဖို့ အမေရိကန်နိုင်ငံက USAI အရ ယူကရိန်းသို့ ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။
အရေးပေါ်အခြေအနေမှာ သမ္မတကို ကွန်ဂရက်ရဲ့ အတည်ပြုချက်မလိုဘဲ အမေရိကန်စစ်တပ်မှ စစ်လက် နက်တွေ လွှဲပြောင်းခွင့်ပြုတဲ့ Presidential Drawdown Authority ကို အသုံးပြုပြီး အမေရိကန်နိုင်ငံက ယူကရိန်း သို့ ဒေါ်လာ ၃၅ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; US announces $1.6 billion in military aid for Ukraine
#Ayeyarwaddy_Times