ဧရာ၀တီတိုင်းမ်
မေလ ၁၂ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်၀င်းအတွင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် တိုင်းအစိုးရအဖွဲ့ရုံးကို ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ၄၀-မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ရန်ကုန်ရှိ တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးကို ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်က ပစ်ခတ်တိုက်ခိုက်ခံ ရခြင်းဖြစ်ပြီး ရုံးအတွင်း ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။
“မနက်အစောကြီးပဲ ပစ်ခံရတာ။ အထဲမှာထိတာတော့ ရှိတယ်။ အတိအကျပြောလို့ မရဘူး။ စစ်တပ်(စစ်ကောင်စီတပ်)က အဲဒီမှာ တပ်စွဲထားတာကြာပြီ” ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါပစ်ခတ်မှုကို အနောက်ပိုင်းခရိုင် ပကဖ တပ်ရင်း တပ်ခွဲ(၁)နှင့် စမ်းချောင်း (ပကဖ)တို့မှ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ အဆိုပါ ပကဖများထံ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။
ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး
#ရန်ကုန် #အစိုးရအဖွဲ့ရုံး #၄၀မမဗုံးသီး #တိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times