ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မေလ ၁၀ ရက်နေ့ည ၈ နာရီအချိန်က မိုးသည်းထန်စွာရွာပြီးလေပြင်းတိုက်လို့ လူနေအိမ် ၂၃ လုံးနဲ့ အလယ်တန်းကျောင်းအုတ်တံတိုင်း ပြိုကျပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနကနေ သိရပါတယ်။
မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး ကျောင်းကုန်းမြို့နယ်အတွင်း ကျေးရွာ ၆ ရွာက လူနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့တာလို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက သိရပါတယ်။
“အိမ်တွေ အမိုးလန်ပြီး ပျက်စီးကုန်တာ၊ ဇီးကုန်းအလကကျောင်းအုတ်တံတိုင်းလဲပြိုကြသွားတယ်၊လူနဲ့တိရိစ္ဆာန်ထိခိုက်သေဆုံးတာမျိုးတော့မရှိပါဘူး”လို့ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းကုန်းမြို့နယ်က မကျီးစင်ကျေးရွာမှာ လူနေအိမ် တစ်လုံး၊ ကညင်ကုန်းကျေးရွာမှာ ၅ လုံး၊ပန်းတောရိုး ကျေးရွာမှာ ၆ လုံး၊ ကြိုးကြာချောင်လေးကျေးရွာမှာ ၆ လုံး၊ကြိုးကြာချောင်ကြီးကျေးရွာမှာလုံးစုစုပေါင်း ၂၃ လုံး(အမိုးလန်)ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် လေပြင်းဒဏ်ကြောင့် ဇီးကုန်းအုပ်စု ဘုရားကြီးကုန်း အလကကျောင်း အုတ်တံတိုင်း ပေ၂၀ခန့်ပြိုလဲသွားတယ်လို့သိရပြီး လက်ရှိမှာ အိမ်ပျက်စီးသွားတဲ့ သူတွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၂၃ ဧပြီလအထိအချိန် အခါမိုးရွာသွန်း လေပြင်းတိုက်ခတ်မှုတွေကြောင့် သာပေါင်း၊ ကန်ကြီးတောင့်၊ ပုသိမ်၊ ဖျာပုံနဲ့ လေးမျက်နှာ မြို့နယ်တွေက လူနေအိမ် ၉၀ ကျော် ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတ်တမ်းတွေအရသိရပါတယ်။
#ကျောင်းကုန်း #မိုးရွာလေပြင်းတိုက်ခတ် #လူနေအိမ်၂၃လုံးပျက်စီး #Ayeyarwaddy_Times