ဧရာဝတီတိုင်းမ်
မေလ ၁၂ ရက်
အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာမြင့်ချိန်အထိ စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော် ဆောင်မှုမရှိတာကြောင့် မြန်မာ့အရေး ဘယ်လို ဖြေရှင်းမယ်ဆိုတာ ဆုံးဖြတ်ရာမှာ အာဆီယံအဖွဲ့က စည်းလုံးညီ ညွတ်မှု ပြသရမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာငြိမ်းချမ်းရေးစီမံချက်အဖြစ် လူသိများတဲ့ ဘုံသဘောတူညီချက် ၅ ရပ်က ဆွေးနွေးဖို့ အဓိက ကိစ္စရပ်ဖြစ်လာလိမ့်မယ်လို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံဥက္ကဌ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှု မရှိတာကြောင့် နောက်ထပ် ဘာတွေဆက်လုပ်မယ်ဆိုတာဆုံးဖြတ်ဖို့ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု လိုအပ် ပါတယ်” လို့ ဂျိုကိုဝီက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သွေးထွက်သံယို ဖြိုခွင်းမှုတွေ ဖြစ်လာစေခဲ့တဲ့ မြန်မာနိုင်ငံမှာ အ ကြမ်းဖက်မှုတွေ အရှိန်လျှော့ချရေး အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့က လုပ်ဆောင်ကြဖို့ သူက တောင်းဆိုလိုက် ပါတယ်။
ဒီမိုကရေစီ ခုခံတော်လှန်ရေးလှုပ်ရှားမှု အရှိန်အဟုန်ကောင်းလာနေစဉ် မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေကို ဘက်ပေါင်းစုံမှာ တိုက်ခိုက်နေရပါတယ်။
အရပ်သားတွေနေထိုင်ရာဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ် ခတ်မှုတွေကို တက်ကြွလှုပ်ရှားသူတွေက ရှုတ်ချခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့တဲ့ ဘုံသ ဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဒေသ တွင်း အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ရရှိရေး၊ သက်ဆိုင်ရာ အဖွဲ့အ စည်းအားလုံးနဲ့ တွေ့ဆုံခွင့်ရရှိရေးဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ အခြေခံအချက်တွေအဖြစ် ဆက်လက်ရှိ နေမယ်လို့ အာဆီယံအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ကောင်ကင်ဟွန်က ပြောပါတယ်။
ကိုးကား – CNA
Ref; ASEAN must show unity to tackle Myanmar’s escalating crisis, Indonesia president says