ဧရာဝတီတိုင်းမ်
(ထန်းတပင်) မေလ ၁၁ ရက်
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် ယမန်နေ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားများမှ ညောင်ပင်သာရွာ ဒေသခံ ၁၈ ဦးအား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ တပ်သားများပါဝင်သည့် စစ်ကြောင်းသည် ညောင်ပင်သာ ကျေးရွာမှ အသက်မပြည့်သေးသည့် ခလေးငယ် (ကျား) လေးဦးအပါအဝင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ၁၀ ဦး ၊ စုစုပေါင်း ၁၈ဦးတို့ကို မီးရှို့သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြီးတဲ့အချိန်မှာ ဖမ်းပြီးမီးရှို့သတ်သွားတာ။ လူကိုသတ်ပြီးမှ ပိုင်းပြီး ညဘက်မှာမီးပုံရှို့သွားတာ။ စစ်ကြောင်းထိုးတဲ့အချိန် ရွာထဲမှာ စစ်တပ်ထောက်ခံသူ တစ်ချို့က သူတို့(စကစ)ကိုယုံပြီး မပြေးဘူးပေါ့။ အဲ့ဒီလူတွေကိုဖမ်းပြီး သတ်သွားတာ “ ဟု မျက်မြင်တွေ့ရှိသူ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသတ်ခံရသူ ၁၈ ဦးတွင် အသက်အငယ်ဆုံးမှာ ငါးနှစ်အရွယ်ခလေးငယ်ဖြစ်ပြီး အသက်အကြီးဆုံး မှာ အသက် ၇၀နှစ် အရွယ် အဖိုးအိုတို့ပါဝင်ကာ အများစုမှာ အမျိုးသမီးများဖြစ်သည်။
ပဲခူးတိုင်းအတွင်း ညောင်လေးပင်၊ ကျောက်ကြီး၊ ထန်းတပင်နှင့် မုန်းဒေသများတွင် စစ်ကောင်စီမှစစ်ကြောင်းထိုးနေပြီး စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း သိရသည်။
#ကျောက်ကြီး #ထန်းတပင် #၁၈ဦးသတ်ခံရ #မီးရှိူ့ #တပ်မ၄၄ #Ayeyarwaddy_Times
(အထက်ပါ သတင်း၏ ဓာတ်ပုံနှင့် ရုပ်သံအပြည့်အစုံကို တယ်လီဂရမ်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
https://t.me/ayeyarwaddytimes/13389