
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက လွိုင်ကော် – မော်ချီး လမ်းမကြီးအား တစ်ပတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (၃) ရက်သာ ဖြတ်သန်းခွင့်ပြုမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် KNDF B-09, B-10 တို့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ လွိုင်ကော် – မော်ချီး လမ်းမကြီးအား အသုံးပြု၍ သွားလာသောယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယာဉ်မောင်းများလိုက်နာရမည့် စည်းကမ်းချက်များတွင် တစ်ပတ်လျှင် လွိုင်ကော် – မော်ချီးလမ်းမကြီးအား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (၃) ရက်သာ ဖြတ်သန်း သွားလာရန်၊ ပြည်ပခရီးသည်များလုံးဝ (လုံးဝ) သယ်ဆောင်ခွင့်မပြုရန်၊ ဘိလပ်မြေသယ်ဆောင်လာသောကားများသည် အမှတ် (၂) ခရိုင်ထောက်ခံစာပါမှသာလျှင်သွားလာခွင့်ပြုရန်၊ ဆန် (၁၀) အိတ်ထက်ပို၍ မသယ်ဆောင်ရန်၊ ကန့်သတ်ထားသော ကုန်များ လုံးဝ သယ်ဆောင်ခွင့်မပြုရန် စသည့်အချက်များ ပါဝင်သည်။
ခရီးသွားယာဉ်မောင်းများအနေဖြင့် လမ်းဖွင့်ထားသည့် (၃) ရက် အတွင်းသာ အသွားအလာပြုလုပ်ကြပါရန် မလိုက်နာပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။