ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကြောင့် လူနှင့်ချီကြာမြင့်သော လူထုဆန္ဒပြပွဲများ ဖြစ်ပွားပြီး နောက် သီရိလင်္ကာသမ္မတ ဂိုတာဘာယာက ဒီနေ့မနက်ပိုင်းမှာ မော်လ်ဒိုက်နိုင်ငံကို လေယာဉ်နဲ့ထွက်ပြေးသွားပြီ လို့ သိရပါတယ်။
ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက သမ္မတအိမ်တော်ကို စီးနင်းသိမ်းပိုက်ပြီးနောက် ဂိုတာဘာ ယာက ဒီနေ့ ရာထူးကနေနှုတ်ထွက်ဖို့ ကတိပြုခဲ့လို့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းမှုတစ်ခုဖြစ်လာရေး လမ်းဖွင့် ပေးလိုက်ပါတယ်။
ဂိုတာယာယာ၊ ၄င်းရဲ့ဇနီးသည်နဲ့ ကိုယ်ရံတော်တစ်ဦးဟာ သီရိလင်္ကာနိုင်ငံရဲ့ အဓိကလေဆိပ်ကနေ ပျံ တက်သွားတဲ့ အန်တိုနော့ဗ်-၃၂ စစ်ဘက်လေယာဉ်ပေါ်ပါ ခရီးသည်လေးဦးထဲမှာ ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ် ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မော်လ်ဒိုက်နိုင်ငံကို ရောက်ရှိလာချိန်မှာ ဂိုတာဘာယာတို့အဖွဲ့ကို ရဲတပ်ဖွဲ့ရဲ့စောင့်ကြပ်မှုနဲ့ အမည်မဖော် ပြတဲ့ နေရာတစ်ခုကို ခေါ်ဆောင်သွားတယ်လို့ မေးလ်မြို့တော်ရှိ လေဆိပ်တာဝန်ကျ အရာရှိတစ်ဦးက ပြောပါ တယ်။
ဂိုတာဘာယာက ဒူဘိုင်းကို ခရီးသည်တင်လေယာဉ်နဲ့ ထွက်ခွာလိုခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေး ဝန် ထမ်းတွေက VIP လမ်းကြောင်းကနေ သွားရောက်ခွင့်မပြုဘဲ ခရီးသည်အားလုံးဟာ အများပြည်သူသွားတဲ့ လမ်း ကြောင်းကနေသာ သွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဂိုတာဘာယာနဲ့အဖွဲ့က ပြည်သူတွေရဲ့တုံ့ပြန်မှုတွေကို စိုးရိမ်တာကြောင့် ပုံမှန်လမ်းကြောင်းကနေ မသွား ရဲလို့ လေကြောင်းခရီးစဉ်လေးခု လွဲချော်ခဲ့လို့ ဒူဘိုင်းကို မသွားနိုင်ခဲ့ဘူးလို့ လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ ဂိုတာဘာယာက ပင်လယ်ပြင်ကနေ ပြည်ပကိုထွက်ပြေးဖို့ ရေတပ်အခြေစိုက်စခန်းတစ်ခုကို သွားရောက် ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘူးလို့ လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုးကား – AFP
Ref; Sri Lankan president flees to Maldives ahead of looming resignation