ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၃ ရက်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာ နတ်ရေတောင်လမ်းကွေ့တွင် ဇူလိုင် ၁၂ ရက်ညနေ ၅ နာရီဝန်းကျင်က ပုလောဘက်မှ ထားဝယ်ဖက်သို့ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်း ၅ စီးကို သိမ်းဌက်ပြောက်ကျားတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်။

စစ်ကောင်စီ တပ်ကား(၅)စီးကို သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၂) စီးထိမှန်သွားခဲ့တယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ အဆိုပါကားပေါ်တွင် စစ်ကောင်စီတပ်အင်အား အပြည့်ပါလာပြီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ စက်လက်နက်ကြီးတို့ဖြင့် ရမ်းသမ်းပစ်ခတ်ပြီး မောင်းပြေးသွားတယ်လို့ ၎င်း က ပြောပါတယ်။

“ထိုတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါဝင် တပ်သား(၇) ဦးသေဆုံး ပြီး(၁၁)ဦး ခန့်ဒဏ်ရာရရှိခဲ့၍ပုလောဖက်သို့အရေးပေါ်လူနာတင်ယာဥ်ဖြင့်သယ်ဆောင်သွားခဲ့တယ်လို့ ၎င်း ကဆိုပါတယ်။
အဆိုပါ ယာဥ်တန်းအား သိမ်းဌက်ပြောက်ကျားတပ်အဖွဲ့ (T.Y.C-PDF) ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့၍ တပ်ဖွဲ့ဝင်မျာ းထိခိုက်ဒဏ်ရာရသူ မရှိ အာင်မြင်စွ ာဆုတ်ခွာလာနိုင်ခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

ရုပ်သံ-သိမ်းဌက်ပြောက်ကျားတပ်အဖွဲ့