ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကာ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်တဲ့ ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပဋိပက္ခနဲ့ မလေးရှားနိုင်ငံအပေါ် မြန်မာ့အရေး သက်ရောက်မှုကို မီးမောင်းထိုးပြခဲ့ပါ တယ်။
“အာဆီယံဥက္ကဌရဲ့ စိန်ခေါ်မှုတွေထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အခင်မင်မပျက်သော အဖြေရှာမယ့် ကျွန်တော်တို့ရဲ့စွမ်းရည်နဲ့ စိတ်ပိုင်းဖြတ်မှုလည်း ပါဝင်ပါတယ်” လို့ အန်ဝါအီဘရာဟင်က ဆိုပါတယ်။
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည် ၂၀၀၀၀၀ ကျော်ကို လက်ခံထားရတဲ့ပြဿနာ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် မြန်မာ့အရေး ဖြေရှင်းရာမှာ ပိုမို တင်းကျပ်စွာ အရေးယူဖို့ ပြည်တွင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ အန်ဝါက တောင်းဆိုခဲ့ပါတယ်။
“စေ့စပ်ညှိနှိုင်းတာတွေ၊ ထိတွေ့ဆက်ဆံတာတွေလုပ်ပေမယ့် မြန်မာ့အရေးဖြေရှင်းရာမှာ အခြေအနေ မ တိုးတက်လာပါဘူး။ မြန်မာ့အရေး တည်ငြိမ်စေဖို့ နည်းလမ်းသစ်တစ်ခု ရှိရမှာဖြစ်ပါတယ်” လို့ အန်ဝါက ပြော ကြားခဲ့ပါတယ်။
အာဆီယံအဖွဲ့က ရပ်ကြည့်သူဖြစ်နေတယ်ဆိုတဲ့ မေးခွန်းတွေရှိနေပြီး အရေးကြီးဆုံးက စည်းလုံးညီညွတ် မှုဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှသာ အာဆီယံအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရာမှာ အ ရေးပါသောအင်အား ဖြစ်လာနိုင်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; PM Anwar highlights Myanmar issue at ASEAN Summit