ဧရာဝတီတိုင်းမ်
မေလ ၁၁ ရက်

အာဆီယံခေါင်းဆောင်တွေက ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ် မယ့် အစီအစဉ်တစ်ခု ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ အာဆီယံအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Kao Kim Hourn က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်နေတဲ့ နှစ်ရက်ကြာ အာဆီယံထိပ်သီးဆွေး နွေးပွဲမတိုင်မီ NHK သတင်းဌာနက ဂျကာတာမြို့တော်မှာ Kao Kim Hourn နဲ့ တွေ့ဆုံမေးမြန်းစဉ် အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာ့အရေးဟာ အလွန် ရှုပ်ထွေးပါတယ်။ မြန်မာ့အရေးကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ ကျွန်တော် တို့ မမျှော်လင့်သင့်ပါဘူး။ မြန်မာ့အရေး ဖြေရှင်းရာမှာ စိတ်ရှည်သည်းခံမှုတွေ၊ ကြိုးပမ်းအားထုတ်မှုတွေ အများ ကြီး လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဒီမို ကရေစီအင်အားစုတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အာဏာသိမ်းမှုဖြစ်ပြီးပြီးချင်း အာဆီယံအဖွဲ့က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ် ဖို့ တောင်းဆိုထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။

အထူးကိုယ်စားလှယ်တစ်ဉီးရဲ့ ဖျန်ဖြေမှုနဲ့အတူ မြန်မာ့အရေးမှာ သက်ဆိုင်တဲ့ ပြိုင်ဘက်တပ်ဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သင့်တယ်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီက ကိုယ်တိုင်သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မဖော် ဆောင်တာကြောင့် အဲဒီတူညီဆန္ဒက ဘယ်လောက်အထိ ထိရောက်မှုရှိတယ်ဆိုတာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

“အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အလုပ်မဖြစ်ဘူးလို့တော့ ကျွန်တော်တို့ မပြောသင့်ပါဘူး” လို့ Kao Kim Hourn က ဆိုပါတယ်။

“ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်ရေး အစီအစဉ်တစ်ခု ချမှတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒီအစီအစဉ်က မြန်မာ့အရေးအတွက် ဘယ်လို ထောက်ကူပေးနိုင်တယ်ဆိုတာ ကျွန်တော် လေ့လာပါမယ်” လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက မြန်မာပဋိပက္ခ ဖြေရှင်းနိုင်ဖို့ တက်တက်ကြွကြွ ကြိုးပမ်းနေပြီး စစ်ကောင်စီ တာဝန်ရှိ သူတွေ၊ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေကြား ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ပေးနေပါတယ်။

ဓာတ်ပုံ/ကိုးကား – NHK
Ref; ASEAN official hopes for adoption of plan to implement 5-point Myanmar consensus