ဧရာ၀တီတိုင်းမ်
မေ ၁၀ ရက်

စစ်ကိုင်း‌တိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်နေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပျူပူးပေါင်းတပ်ဖွဲ့မှ ၁၃ ဦး သေဆုံးကြောင်း Chindwin Dynamite အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်၀န်းကျင်တွင် ဆားလင်းကြီးမှ ထွက်လာသည့် အင်အား ၁၅၀ ၀န်းကျင်ပါ စစ်ကောင်စီတပ်နှင့်ပျူ‌ပူးပေါင်းတပ်သည် မုံရွာဘက်သို့ကူးရန် ပြင်ဆင်နေစဉ် မျိုးဆက်သစ်လူငယ်တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာတွင်ပင် သုံး ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဇက်ပေါ်တက်နေကြတုန်း မိုင်းဆွဲခဲ့တာပါ။ သူတို့တွေ အထိနာတော့ အနီးနားက ဈေးဆိုင်တန်းတွေကို မီးပတ်ရှို့တယ်။ ရှို့နေတုန်းမှာ ကျွန်တော်တို့ပူးပေါင်းတပ်တွေက ၄၀ မမတွေနဲ့ပစ်ပြီး အနီးကပ်တက်ပစ် ကြတာ”ဟု PDF ပူးပေါင်းတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မိနစ် ၄၀ အကြာအပြန်အလှန်ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပျူပူး ပေါင်းတပ်ဖွဲ့မှ ၁၀ ဦးခန့်သေဆုံးပြီး ၎င်းတို့ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်ဟု ပူးပေါင်းတပ်ဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Dynamite (Salingyi)၊ National Revolutionary Guards (NRG/Salingyyi)၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့၊ Fighter 9 Force Salingyi နှင့် တောင်ပံနီတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်း #ဆားလင်းကြီး #PDFပူးပေါင်းအဖွဲ့ #တိုက်ပွဲ #စစ်ကောင်စီတပ်# သေဆုံး #Ayeyarwaddy_Times