ဧရာဝတီတိုင်းမ်
(ပခုက္ကူ)၊ မေလ ၉ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယမန်နေ့ မေလ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်၌ ပခုက္ကူမြို့ဘက်မှပေါက်မြို့နယ်ဘက်သို့ ထွက်ခွာလာသည့်စစ်ကောင်စီယာဥ်တန်းအား မြိုင်(ပကဖ)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်သား ၂ ဦး သေဆုံးနိုင်ကြောင်း သိရသည်။
ပခုက္ကမှ ပေါက်ဘက်သို့ ထွက်လာသည့်စစ်ကောင်စီကား ၅ စီးပါယာဉ်တန်းအား ကန်တော်ရွာအနီးတွင် ပထမအကြိမ် မိုင်းပွိုင့် တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲခံရတဲ့ကားတစ်စီးက ကမ္မမြို့အနီးမှာမီးလောင်သွားတယ်လို့သိရတယ်။ ပြီးဝော့ာစစ်ကောင်စီတပ်သားတွေက ကားထားပြီးထွက်ပြေးကြတယ်။ ကန်တော်ရွာကဆက်ထွက်လာတဲ့ကားကို ကမ္မဘက်မှာ မိုင်းထပ်ဆွဲခဲ့ပါတယ်။” ဟု မြိုင်(ပကဖ)တာဝန်ရှိသူ ဗိုလ်လက်ယာကဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်တော်ရွာမှ ဆက်လက်ထွက်ခွာလာသည့်စစ်ကောင်စီယာဉ်တန်းအား ကမ္မမြို့အနောက်ဘပ်ခြမ်းတွင် မိုင်း ၆ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ကားပေါ်မှပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂နှင့် KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့မေလ ၈ ရက် နေ့ နံနက် ၁၁ နာရီဝန်းကျင်ကလည်း ပခုက္ကူမြို့နယ် ရေလာလေးပျူစောထီးစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်သားများသည် မြိုင်မြို့နယ်ဝောာင်ပိုင်း အိုရင်းရွာကို မီးရှို့ခဲ့ကြောင်းလည်း သိရသည်။