ဧရာဝတီတိုင်းမ်
မေလ ၉ ရက်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှတွေကြောင့် နှစ်နိုင်ငံနယ်စပ်ရှိ မိုရေးမြို့မှာ နေထိုင်တဲ့ ကသည်းလူမျိုး ၃၀၀ ကျော်ဟာ ခိုလှုံဖို့အတွက် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းလာသူ ၅၀၀ ဝန်းကျင်ကို မဏိပူရ်ပြည်နယ်အစိုးရက ခိုလှုံခွင့်ပြုထားစဉ် အခုလို ကသည်းလူမျိုးတွေ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့တာဖြစ် ပါတယ်။

“အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် မိုရေးဒေသခံ ကသည်းလူမျိုး ၃၀၀ ကျော်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံတွင်း ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်အပါအဝင် အများစုကတော့ အမှတ် ၅ အာသံရိုင် ဖယ်တပ်စခန်းမှာ ခိုလှုံနေပါတယ်” လို့ မိုရေးဒေသခံတစ်ဉီးဖြစ်သူ အယ်လ်မိုင်ပတ်ခ်က ပြောပါတယ်။

မိမိတို့မှာ မြန်မာနိုင်ငံတွင်း ဘေးကင်းလုံခြုံသော နေရာတစ်ခုတွင်ရှိနေပေမယ့် မိမိတို့၏ကံကြမ္မာနဲ့ပတ် သက်၍ စိုးရိမ်နေရဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့လုံခြုံရေးအတွက် သေချာအောင်လုပ်ဆောင်ဖို့နဲ့ မဏိပူရ်ပြည်နယ်အတွင်း အခြေအနေ ပုံမှန်ပြန်ဖြစ်လာတဲ့အခါ နေရပ်ပြန်လည်ပို့ဆောင်ဖို့ ဒေသအာဏာပိုင်တွေကို မေတ္တာရပ်ခံပါတယ်” လို့ သူက ဆိုပါ တယ်။

မဏိပူရ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ကီလိုမီတာ ၃၉၀ အထိ ထိစပ်နေပြီး မိုရေးနယ်စပ်တစ် လျောက် ၁၀ ကီလိုမီတာရှိတဲ့ နယ်စပ်စည်းရိုးတစ်ခု တည်ဆောက်နေပါတယ်။

ကိုးကား – Times of India
Ref; Manipur violence: Over 300 Meiteis from Moreh have taken shelter in Myanmar