ဧရာဝတီတိုင်းမ်
မေလ ၉ ရက်

မြန်မာနိုင်ငံသို့ ဦးတည်၍၀င်ရောက်နိုင်သည်ဟုဆိုသော Mocha ဆိုင်ကလုန်မုန်တိုင်း ၀င်ရောက်နိုင်သည် ဟုဆိုသောကြောင့် စစ်ကောင်စီတပ်က မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန်ဟုဆိုကာ ကန်တော့ပွဲပေး၊ နဂါးစာကျွေး၍ လောကီအစီရင်များပြုလုပ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ လောကီအစီအရင်များကို ယမန်နေ့က ဧရာ၀တီတိုင်း၊ ပုသိမ်နှင့် မော်တင်စွန်းတွင် စစ်ကောင် စီတပိက တိုင်းမှူးဦးဆောင်ကာ ပြုလုပ်ခဲ့ကြခြင်းဖြစ် ‌ကြောင်း သိရသည်။

ဦး‌ဆောင်ပြုလုပ်ပေးခဲ့သူမှာ နေပြည်တော်ရှိ ရာဇ အောင်မြေကျောင်း အောင်စေဆရာတော်ဦးပ၀ရသိဒ္ဓိကပြုလုပ်ပေးခဲ့ပြီး ဧရာ၀တီတိုင်း၀န်ကြီးချုပ် ဦးတင်မောင်၀င်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်မှူးတို့ ပါ၀င်၍ နဂါးစာကျွေး အစီအရင်ယတြာပြုလုပ် ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

“မုန်တိုင်းမ၀င်အောင်လုပ်တာပေါ့။ ကန်တော့ပွဲပေးတယ်၊ ပရိတ်ရွတ်တယ်၊ နဂါးစာကျွေးပြီး ယတြာချေ ကြတယ်ပါ”ဟု တပ်တွင်းသတင်းရင်းမြစ်မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

၎င်းတို့အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဌောစေတီတွင် ကန်တော့ပွဲပေးပြီး နဂါးစာကျွေးခြင်းကို မော်တင်စွန်း ပင်လယ်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အောင်စေဆရာတော်၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း နိုင်ငံတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့် ပြည်သူအပေါ် ထားရှိသော မေတ္တာ၊ စေတနာ၊ သစ္စာ၊ ကုသိုလ်တော်များနှင့် ဓမ္မစက်၊ အာဏာစက်တို့၏ အာနုဘော်များကြောင့် ယနေ့နံနက်တွင်ပင် မုန်တိုင်းမှာ လမ်းကြောင်း တိမ်းစောင်းပြောင်းလဲသွားသည်ကို တွေ့ရှိရကြောင်း ရေးသားထားသည်။
#ဧရာ၀တီတိုင်း #ပုသိမ်မြို့ #မော်တင်စွန်း #စစ်ကောင်စီတပ် #မုန်တိုင်းအန္တရာယ် #နဂါးစာကျွေး #လောကီအစီအရင် #Ayeyarwaddy_Times