ဧရာ၀တီတိုင်းမ်
မေလ ၈ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ဒေသကာကွယ် ရေးတပ်ဖွဲ့ဖြစ်သည့် ချောင်းဦး (CHUPDF)စခန်းကို စစ်ကောင်စီတပ်မှ ၀င်ရောက်စီးနင်း၍ တပ်ဖွဲ့၀င်အချို့နှင့် ဒေသခံပြည်သူအချို့ကို ခေါင်းဖြတ် သတ်ဖြတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။

ပြီးခဲ့သည့် မေ ၆ ရက်နေ့ နံနက် ၅ နာရီအချိန်က အင် အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ချောင်းဦးနယ်၊ နတ်ရေကန်ကျေးရွာကို စစ်ကြောင်း ထိုး၀င်ရောက်ပြီး ယခုကဲ့သို့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၅ နာရီလောက် ၀င်စီးခံရတာ။ တပ်ဖွဲ့၀င် ငါး ဦးနဲ့ ပြည်သူ သုံး ဦးအသတ်ခံရတယ်။ လေးယောက်က ခေါင်းတွေမရှိတော့ဘူး။ လက်နက်တွေတော့ပါ မသွားဘူး” ဟု စစ်ကိုင်းတိုင်း မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့(CDSOM) ခေါင်းဆောင် ကိုနွေဦး(မြောင်)က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နတ်ရေကန်ကျေးရွာ မှထွက်လာပြီး မြင်းမူမြို့နယ်ရှိ လတ္ထုတ္တောကျေးရွာရှိ အိမ်ခြေ ၆၀၀ နီးပါးကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

CDSOM အနေဖြင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာမှ ဒေသခံပြည်သူ များကို တတ်နိုင် သည့်ဘက်မှ ကျန်းမာရေးစောင့် ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဟု ကိုနွေဦး (မြောင်)က ဆိုသည်။

လက်ရှိတွင် ချောင်းဦး PDF တပ်ဖွဲ့ထံ စခန်းစီးနင်းခံရမှုနှင့်ပတ်သက်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။

#စစ်ကိုင်းတိုင်း #ချောင်းဦးPDF #စစ်ကောင်စီတပ် #ခေါင်းဖြတ် #Ayeyarwaddy_Times