နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ)/မေလ ၈ ရက်
ဧရာဝတီတိုင်းအတွင်းရှိ ဇလွန်မြို့၊ င်္ဟသာတမြို့နှင့် ဓနုဖြူ မြို့တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ မြို့နယ် ရုံးဆိုင်းပုဒ်များကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများက ဖြုတ်ချနေကြောင်း သိရသည်
မေလ (၅) ရက်နေ့က ဓနုဖြူမြို့နယ်ရှိ NLD ပါတီ မြို့နယ်ရုံးကို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် စစ်ကောင်စီလက်အောက်ခံရဲများက ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းနှင့် ဇလွန်မြို့NLD မြို့နယ်ရုံး ကိုလည်း မေလ ၅ ရက်နေ့မှာပင် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း အသက် (၃၀)နှစ်ရှိ NLD ပါတီဝင်းရံသူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မေလ (၄)ရက်နေ့ကလည်း ဟင်္သာတ မြို့နယ်NLD ပါတီရုံးဆိုင်းပုဒ်ကို စစ်ကောင်စီတပ်သားများက ဖြုတ်ချ သွားကြောင်း မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ (၄၀)ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၈ရက်နေ့ထုတ် စစ်တပ်ပိုင်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ထိုကဲ့သို့ ကြေငြာပြီးနောက် ဧရာဝတီတိုင်း အပါအဝင် နိုင်ငံတဝှမ်းရှိ မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထွေအုပ်ဝန်ထမ်းများ အုပ်ချုပ်ရေးမှူးများက လိုက်လံဖျက်ဆီးနေခြင်းလည်း ဖြစ်သည်။