ဧရာဝတီတိုင်းမ်
မေလ ၈ ရက်
ဒီသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်မယ့် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုနေတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေး လွှမ်းမိုးမယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဖလောရစ်ကျွန်းမှာ မေလ ၉ ရက်မှ ၁၁ ရက်အထိပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေး နွေးပွဲအတွင်း မြန်မာ့အရေးက အဓိကပြဿနာတစ်ခု ဖြစ်လာမယ်လို့ သံတမန်တွေက ပြောပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် ရှတ်ချ ကာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံမှာ တာရှည်ခံ ငြိမ်းချမ်းသောအဖြေတစ်ရပ် ရှာဖွေနိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်မယ့် နည်းလမ်းတစ်ရပ် ရှိလာမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မူ ကြမ်းက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်နေဆဲဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော် ဆောင်ဖို့ ပျက်ကွက်မှုကြောင့် စစ်ကောင်စီကိုယ်စားလှယ်တွေကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေမှာ တက် ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့ တိတ်တဆိတ် ထိတွေ့ဆက်ဆံ တဲ့ သံခင်တမန်ခင်းကို အသုံးပြုနေပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ လှုံ့ဆော်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မေလ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အခြေအနေဆိုးလာတဲ့ မြန်မာ့အရေးက အာဆီယံအဖွဲ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မာဆီနာတာလီဂါဝါက ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ သတိထားဖို့နဲ့ မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံဖို့ စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က တိုက်တွန်းခဲ့ပါတယ်။
စီးပွားရေးအင်အားအပြင် သံတမန်အတွေ့အကြုံ အသုံးပြုကာ အာဆီယံအဖွဲ့က မြန်မာ့အရေးမှာ ငြိမ်း ချမ်းသော အဖြေတစ်ခု တွန်းအားပေးလုပ်ဆောင်နိုင်မယ်လို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မျှော်လင့်နေပါ တယ်။
ကိုးကား – AFP
Ref; Myanmar crisis to dominate Asean leaders summit