ဧရာဝတီတိုင်းမ်
မေ ၇ ရက်
မန္တလေးတိုင်း၊ မန္တလေးမြို့နယ်၊ မြွေပုံကန်ရွာအရှေ့ဘက်ရှိ ညောင်မြစ်ကို စစ်ကောင်စီတပ်သားများ လှေဖြင့်ဖြတ်ကူးစဉ် လှေမှောက်ပြီး သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၇ ရက် နံနက် ၂ နာရီ အချိန်က မတ္တရာမြို့နယ်ရှိ ကြက်တူရွေးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ကာ မြစ်ကိုလှေဖြင့်ဖြတ်ကူးစဉ် လှေမှောက်ပြီး စစ်ကောင်စီတပ်သား ၆ ဦးရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
“သူတို့က ရှိမ်းမကားရွာမှာ တပ်စွဲထားတဲ့အဖွဲ့။ မီးရှို့ပြီးပြန်လာကြတာ။ အဲဒီရွာကရလာတဲ့ ပစ္စည်းတွေတင်ပြီး သူတို့တစ်ဖွဲ့က အရင်ပြန်လာတာထင်တယ်။ မှောက်တဲ့အချိန် ဘယ်နှစ်ယောက်ပါလည်း မသိဘူး။ နစ်ပြီးသေတာ ၆ ယောက်လို့ကြားတယ်။ စစ်သားတွေက နယ်ခံတွေကို ဆင်းရှာခိုင်းတယ်လို့သိရတယ်” ဟု ကျေးရွာရှိဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်း ၃ လောင်းသာပြန်လည်တွေ့ရှိပြီး ကျန်ရုပ် အလောင်းများကို ရှာမတွေ့သေးကြောင်း နယ်မြေရှိ ပရဟိတအဖွဲ့ထံမှ သိရသည်။
“တပ်ဖွဲ့၀င် ၇ ယောက်ပါ။ ၆ ယောက်ကရေနစ်ပြီးသေတော့ တစ်ယောက်ပဲကျန်တယ်။ လှေမောင်းတဲ့လူလည်းမပါဘူး။ မြစ်ကလည်းသိပ်မကျယ်ပါဘူး”ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းထဲရှိ ကျေးရွာများ ကို ညအချိန်များတွင်၀င်ရောက်မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျက်ရှိပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်နေသည်ကို PDF များမှလုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် မီဒီယာများမှ ဖော် ပြလျက်ရှိ သည်။
#မတ္တရာ #စစ်ကောင်စီတပ် #မီးရှို့ပြန်လာ #ရေနစ်သေ #Ayeyarwaddy_Times