ဧရာဝတီတိုင်းမ်
မေလ ၇ ရက်

ကိယက်ဗ်ဒေသရဲ့ ဝေဟင်မှာ ရုရှားနိုင်ငံရဲ့ အသံထက်မြန်သော Kinzhal ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့ တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က မေလ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။

ရုရှားပိုင်နက်အတွင်း ဂျက်တိုက်လေယာဉ်တစ်စင်းမှ အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ ပြီး မေလ ၄ ရက်ညပိုင်းမှာ ပစ်ချခဲ့တာလို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။

ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက Kinzhal အသံထက်မြန်သော ဒုံးကျည်တစ်စင်း ကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့တာလို့ ယူကရိန်းလေတပ်ဖွဲ့က ဆိုပါတယ်။

ပက်ထရီးယော့ဒုံးခွင်းစနစ်ပုံကို တွစ်တာလူမှုကွန်ရက်မှာတင်ခဲ့ပြီး အဲဒီဒုံးခွင်းစနစ် အသုံးပြုပြီး ရုရှားဒုံး ကျည်ကို ပစ်ချခဲ့တာလို့ သိရပါတယ်။

ယူကရိန်းနိုင်ငံဟာ အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေမှ ပက်ထရီးယော့ မြေပြင်-ဝေဟင်ခွင်း ဒုံး ကျည်ကာကွယ်ရေးစနစ် ရရှိခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံရဲ့ Kinzhal ဒုံးကျည်တွေကို ကာကွယ်နိုင်တဲ့ ဒုံးခွင်းစနစ်မရှိဘူးလို့ ယူကရိန်းလေတပ်ဖွဲ့က အ စောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အသံထက်မြန်သော Kinzhal ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့တာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုလို့ ယူကရိန်း လေတပ်ဖွဲ့က ဆိုပါတယ်။

ကိုးကား – NHK
Ref; Ukraine air force: Russian hypersonic missile downed by Patriot system

#Ayeyarwaddy_Times