ဧရာဝတီတိုင်းမ်
မေလ ၇ ရက်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရှိလာတာကြောင့် လုံခြုံရေးတပ် ဖွဲ့တွေက ပြည်နယ်တွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျောက် လေကြောင်းကနေ စောင့်ကြပ်မှုတွေ မကြာမီ စ တင်တော့မှာဖြစ်ပါတယ်။

ကာကွယ်ရေး သတင်းရင်းမြစ်တွေရဲ့အဆိုအရ နယ်စပ်ဧရိယာတွေကို စောင့်ကြည့်ရာမှာ မောင်းသူမဲ့လေ ယာဉ်တွေ အသုံးပြုသွားမယ်လို့ သိရပါတယ်။
လေကြောင်းကနေ စောင့်ကြပ်မှုတွေဟာ နယ်စပ်တစ်လျောက်က စခန်းတွေမှာ နေထိုင်နေနဲ့ သောင်း ကျန်းသူအဖွဲ့တွေရဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ကာကွယ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

မဏိပူရ်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ပြည်သူ့စစ်အဖွဲ့တွေ ဖြန့်ကြက်ခဲ့ပြီး အာ သံရိုင်ဖယ်တပ်တွေက ၂၄ နာရီ တပ်လှုန့်ထားသလို နယ်စပ်စောင့်ကြပ်မှုတွေ ပြုလုပ်နေပါတယ်။
မဏိပူရ်ပြည်နယ်အတွင်း ဝေဟင်ကနေ စောင့်ကြပ်မှုတွေပြုလုပ်ဖို့ ဒရုန်းတွေ၊ ကြည်းတပ်မှ ရဟတ်ယာဉ် တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၆ ရက် မနက်ပိုင်းမှစတင်ကာ အိန္ဒိယကြည်းတပ်က Cheetah ရဟတ်ယာဉ်တွေ အသုံးပြုကာ လေ ကြောင်းစောင့်ကြပ်မှုတွေ အကြိမ်များစွာ ပြုလုပ်ခဲ့ပါတယ်။
မဏိပူရ်ပြည်နယ် လူမျိုးစုပေါင်းစုံ ကျောင်းသားသမဂ္ဂရဲ့ ဆန္ဒပြပွဲတစ်ခုက အကြမ်းဖက်မှုအဖြစ် ပြောင်း လဲသွားခဲ့တဲ့ မေလ ၃ ရက်နောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ပြည်နယ်အစိုးရက အင်တာနက် ၅ ရက်ကြာ ဖြတ်တောက်ခဲ့ပြီး အကြမ်းဖက်မှုတွေ ထိန်းချုပ်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။

ကိုးကား – India Today
Ref; Aerial surveillance to begin along Indo-Myanmar border amid violence in Manipur