ဧရာဝတီတိုင်းမ်
မေလ ၇ ရက်
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ဆေးရုံကြီးမှာမေလ ၆ ရက်နေ့ မနက်ပိုင်းက ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်လူနာ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြိုခံပြည်သူအများစုကလည်း Mask တပ်သွားလာ တာမျိုးမရှိတာကြောင့် စိတ်ပူရတဲ့အနေအထားဖြစ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ခု ဧပြီလကနေစပြီး ကိုဗစ်ပိုးတွေပြန်တွေ့ပြီးတာနဲ့ဧရာ၀တီတိုင်းမှာ ကိုဗစ်နဲ့သေဆုံးတာပထမဆုံးပဲ။ ကိုဗစ်ကအရင်လောက်အသေအပျောက်မများပေမယ့်ရောဂါအခံရှိရင်တော့ မလွယ်ဘူး။ မြို့မှာတစ်ချို့ကလဲ mask တွေမတပ်ကြတော့ဘူး”လို့ ဟင်္သာတမြို့ခံတစ်ဦးကဧရာ၀တီတိုင်မ်းက်ိုပြောပါတယ်။
သေဆုံးသူဟာ ကိုဗစ်ကူးစက်ခံရလို့ဆေးရုံမှာ ကုသမှုခံယူနေစဥ် သေဆုံးသွားတာကြောင့် သဂြိုလ်ပေးခဲ့ရတာဖြစ်ပြီးလူနာနဲ့ပါတ်သတ်တဲ့အချက်အလက်တွေကိုတော့မသိရှိကြောင်းလူမူကူညီရေးအဖွဲ့ကနဲ့နီးစပ်သူတွေကပြောပါတယ်။
ဧရာဝတီတိုင်းမှာ မေလအစပိုင်းမှာတင်ကိုဗစ်လူနာသစ် ၂၅ ဦးတွေ့ရှိခဲ့တယ်လို့ မေလ ၄ ရက်နေ့ထိကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ချက်တွေမှာ ဖော်ပြထားပါတယ်။
ယခု လူနာတစ်ဦးသေဆုံးတာနဲ့ပတ်သတ်ပြီး တော့ ဖော်ပြထားခြင်းမရှိသေးတာမျိုးတော့ မတွေ့ရသေးပါဘူး။