ဧရာဝတီတိုင်းမ်
မေလ ၇ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ မြို့နယ်အားကစားကွင်းနဲ့ ကပ်လျှက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ မေလ ၇ ရက် မနက် ၈ နာရီ ၃၀ မိနစ်က ဗုံး ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။
အုပ်ချုပ်ရေးမှူး စားပွဲအောက်မှာ တစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးအနီးပတ်ဝန်းကျင်မှာပဲ နောက်ထပ် ဗုံးနှစ်လုံးဟာ ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“သုံးချက်ပေါက်တာ မြေကြီးတွေပါတုန်တယ်၊ သုံးချက်စလုံးက မိနစ်ပိုင်းပဲကွာတယ်။ ပေါက်တာ။ ရုံးတော့ပျက်စီးသွားတာရှိတယ်။ နောက်ထပ် ဗုံးနှစ်လုံးက စစ်သားတွေရဲတွေ ရောက်လာမှပေါက်တာ။ မြို့နယ်မှူးတော့ ဒဏ်ရာရတယ်လို့သိရတယ်” လို့ ကျုံပျော်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဆိုပါ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီရဲ့ မြို့နယ်မှူး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်တွေဟာ ကျုံပျော်မြို့ပေါ် လမ်းအချို့ကို ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#ကျုံပျော် #အုပ်ချုပ်ရေးမှူးရုံး #ဗုံး၃လုံးနဲ့ဖောက်ခွဲခံရ
#မြို့နယ်မှူးဒဏ်ရ #Ayeyarwaddy_Times