ဧရာဝတီတိုင်းမ်
မေလ ၆ ရက်
မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်လုပ်ဆောင်ဖို့ အာရှ လူ့အခွင့်အ ရေးနဲ့ ဖွံ့ဖြိုးရေးဖိုရမ် (FORUM-Asia) အဖွဲ့ဝင်တွေက မေလ ၃ ရက်မှာ အာဆီယံအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။
အာရှတိုက်ရှိ လူ့အခွင့်အရေး အဖွဲ့အစည်း ၂၅ ခု လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို မေလ ၉ ရက်မှ ၁၁ ရက်အထိပြုလုပ်မယ့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဖိုရမ်က အာဆီယံ ခေါင်းဆောင်တွေထံ ပေးပို့ခဲ့ပါတယ်။
“ဘုံသဘောတူညီချက်ကို ချက်ချင်း စွန့်လွှတ်ဖို့နဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှု တွေကို ရပ်တန့်စေမယ့် လက်ဆုပ်လုပ်ကိုင်ပြနိုင်သော အရေးယူမှုတွေ ဆောင်ရွက်ဖို့ အာဆီယံခေါင်းဆောင်တွေ ကို တောင်းဆိုတယ်” လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဖြစ်တဲ့ NUG၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အရပ် ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်သော တွေ့ဆုံဆွေး နွေးမှုတစ်ခု ချက်ချင်း ပြုလုပ်ပေးဖို့လည်း အိတ်ဖွင့်ပေးစာက အာဆီယံအဖွဲ့ကို တိုက်တွန်းပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ ကုလသမဂ္ဂ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေ အ တွင်းရေးမှူးချုပ်တို့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့လည်း အိတ်ဖွင့်ပေးစာက အာဆီယံအဖွဲ့ကို တောင်းဆိုပါ တယ်။
မြန်မာ့အရေး အဆုံးသတ်နိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်သော အရေးယူမှုမရှိတာနဲ့ပတ် သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။
ဘုံသဘောတူညီချက်နဲ့ပတ်သက်လို့ ပေးထားတဲ့ ကတိကဝတ်အတွက် မြန်မာစစ်ကောင်စီ တာဝန်ခံစေဖို့ အာဆီယံအဖွဲ့က ပျက်ကွက်ခဲ့သလို ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောရေး မြှင့်တင်ရာမှာ ခေါင်းဆောင်မှုမရှိဘူးလို့ အဲဒီအဖွဲ့အစည်းတွေက ဆိုပါတယ်။
အာဆီယံအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဉီး ချက်ချင်း ခန့်အပ်ကာ ရှင်းလင်းပြတ် သားတဲ့ လုပ်ပိုင်ခွင့်အာဏာ သတ်မှတ်ပေးဖို့ မျှော်လင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
“အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍဟာ အချိန်ပြည့်ဖြစ်ရမှာဖြစ်ပြီး တစ်နှစ်သက်တမ်းရှိရပါမယ်။ အ ထူးကိုယ်စားလှယ်ဟာ လက်ရှိ အာဆီယံဥက္ကဌကိုယ်စား အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ကို တာဝန်ခံရမှာဖြစ်ပါတယ်” လို့ အဆိုပါအဖွဲ့တွေက ဆိုပါတယ်။
ကိုးကား – Antara News
Ref; ASEAN must move beyond Five-Point Consensus in Myanmar: rights bodies