ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ဖိလစ်ပိုင်နိုင်ငံတွင်း အမေရိကန်စစ်ဘက်စခန်းတွေ ပိုမိုတည်ဆောက်ဖို့ခွင့်ပြုတဲ့ သဘောတူညီချက်ဟာ ဘယ်တိုင်းပြည်ကိုမဆို ထိုးစစ်ဆင်ရာမှာ အသုံးပြုခွင့်မပေးဘူးလို့ သမ္မတ ဖာဒီနန်မားကို့စ်က ယနေ့ ပြောကြား လိုက်ပါတယ်။

မကြာသေးမီက ဆွေးနွေးမှုတွေအတွင်း ဒီအချက်ကို တရုတ်တာဝန်ရှိသူတွေကို ရှင်းပြခဲ့တယ်လို့ ဝါရှင် တန်မြို့တော်ရှိ အမေရိကန် အတိုင်ပင်ခံအဖွဲ့တစ်ခုက ပြောပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်နဲ့အမေရိကန်ကြား စစ်ပွဲဖြစ်ပွားလာရင် အမေရိကန်နိုင်ငံရှိ တပ်ဖွဲ့ တွေစေလွှတ်ဖို့ အမေရိကန်နိုင်ငံက အကူအညီတောင်းခံတာမရှိဘူးလို့ သူက ဆိုပါတယ်။

“ဘယ်နိုင်ငံကိုမဆို တိုက်ခိုက်ရာမှာ ဖိလစ်ပိုင်နိုင်ငံရှိ စစ်ဘက်စခန်းတွေကို အသုံးပြုခွင့်မပေးဘူးဆိုတာ တရုတ် နိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော် ရှင်းပြခဲ့ပါတယ်” လို့ မားကို့စ်က မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာ ရေးဌာန (CSIS) ကို ပြောပါတယ်။

ဖာဒီနန်မားကို့စ်လက်ထက်မှာ ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လာခဲ့ပြီး ဖေဖော် ဝါရီလအတွင်း စစ်ဘက်စခန်းလေးခု အသုံးပြုဖို့ အမေရိကန်စစ်တပ်ကို ခွင့်ပြုခဲ့တာကြောင့် ဒေသတွင်း တင်းမာမှု တွေ မြင့်တက်စေတယ်လို့ တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကိုတိုက်ခိုက်ရင် ဒုံးလက်နက်တွေ၊ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေပစ်ခတ်နိုင်မယ့် နေရာတစ်ခုအဖြစ် အမေရိကန်က ဖိလစ်ပိုင်က သတ်မှတ်ထားတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဖိလစ်ပိုင်က စစ်ဘက်အခြေစိုက်စခန်းတွေမှ ဘယ်လိုလက်နက်မျိုးတွေ ဖြန့်ကြက်ထားမယ်ဆိုတာ ဆွေး နွေးဖို့ စောလွန်းသေးတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးနောက် အ မေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

ကိုးကား – The South China Morning Post
Ref; Marcos says US cannot use Philippines military bases for China offensive

#Ayeyarwaddy_Times