ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ရုရှားက ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆင်ဒေသရှိ နေရာအများအပြားကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ် လို့ သမ္မတ ဗလာဒီမာပူတင်က စွပ်စွဲလိုက်ပါတယ်။

ရုရှားစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂၃ ဉီး သေဆုံးပြီး ၄၆ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ခါဆင်ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ခါဆင်ဒေသရှိ ဘူတာရုံတစ်ခု၊ နေအိမ်တစ်လုံးနဲ့ စူပါမတ်ကက်တစ်ခု လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရ တယ်လို့ ဇီလန်စကီးက မေလ ၄ ရက်မှာ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့ တရားခံတွေကို ဘယ်တော့မှ ခွင့်မလွှတ်ပါဘူး။ ကျွန်တော်တို့ မကောင်းဆိုးရွားနိုင်ငံကို အနိုင်ယူပြီး ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံစေမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ မဟာဗျူဟာအရ အရေးပါတဲ့ ခါဆင်မြို့တော်ကို ရုရှားတပ်ဖွဲ့တွေရဲ့ထက်မှ ပြန် လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ သတိဝီရိယနဲ့နေထိုင်ကြဖို့ ခါ ဆင်ဒေသ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

မေလ ၆ ရက် ည ၈ နာရီမှ မေလ ၉ ရက် မနက် ၆ နာရီအထိ ခါဆင်ဒေသမှာ ညမထွက်ရအမိန့်ကို ၅၈ နာရီ သတ်မှတ်မယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ကိုးကား – NHK
Ref; Russian shelling kills at least 23 people in Ukraine’s Kherson region

#Ayeyarwaddy_Times