ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ မေလ ၄ ရက်နေ့က လေပြင်းတိုက်မှုကြောင့် လူနေအိမ် ၆၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနကနေ သိရပါတယ်။

“ရုတ်တရက်လေပြင်းတိုက်လို့ အိမ်တွေအမိုးလန်ပြီး ပျက်စီးကုန်တာ၊ လူနဲ့တိရိစ္ဆာန်ထိခိုက်သေဆုံးတာမျိုးတော့မရှိပါဘူး”လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် အင်္ဂပူမြို့က ကျီးပင်ကျေးရွာမှာ လူနေအိမ် ၄၇ လုံး၊​ ကုန်းပြင်ကျေးရွာမှာ ၄လုံး၊ ထုံးပေါ်ကျေးရွာမှာ ၆ လုံး၊ကျောက်တလုံးကျေးရွာမှာ၂ လုံး၊ ကမ်းနားစုကျေးရွာမှာ ၅ လုံး စုစုပေါင်း ၆၄ လုံး(အမိုးလန်) ပျက်စီးခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၃ ဧပြီလအထိအချိန် အခါမိုးရွာသွန်း လေပြင်းတိုက်ခတ်မှုတွေကြောင့် သာပေါင်း၊ ကန်ကြီးတောင့်၊ ပုသိမ်၊ ဖျာပုံနဲ့ လေးမျက်နှာ မြို့နယ်တွေက လူနေအိမ် ၉၀ ကျော် ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတ်တမ်းတွေအရသိရပါတယ်။
#အင်္ဂပူမြို့နယ် #လေပြင်းတိုက် #နေအိမ်၆၄လုံး #ပျက်စီး #Ayeyarwaddy_Times