ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၅ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မင်းရပ်ရွာ တောင်ဆင်းဆိုင်း ဘုတ်အောက်တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ မေလ ၅ ရက် နံနက် ၉နာရီ၃၀မိနစ် ခန့်တွင် ပျူစောထီးအဖွဲ့မှ ဦးမင်းသိမ်း၏ တပည့်ဖြစ်သူ ပျူစောထီးအဖွဲ့ဝင် ဦးမင်းအောင် အသက် (၄၂) ခန့်သည် သေနတ် ဒဏ်ရာ လေး ချက်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူ့(ဦးမင်းသိမ်း)မှာက သေနတ် ဒဏ်ရာ လေး ချက်လောက်တွေ့ရတယ်။ ဦးခေါင်းမှာက နှစ်ချက်၊ ပါးမှာကတစ်ချက် နဲ့ ဦးခေါင်းအနောက်ဖက်မှာက တစ်ချက်တွေ့တယ်။သူက ပျူစောထီး အဖွဲ့ဝင် တစ်ဦးပါ” ဟု မင်းရပ်ရွာ မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဦးမင်းအောင်သည် ရရှိသော သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် မှောက်လျက်အနေအထားဖြင့်ပွဲချင်းပြီးသေဆုံးခဲ့ပြီး အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ သယ်ဆောင်သွားကြောင်း ၎င်း ကဆိုသည်။

ဦးမင်းအောင်ကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း လောင်းလုံး ပဥ္စသီမော်ရွာက ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကိုမင်းသိမ်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။

#တနင်္သာရီတိုင်း #လောင်းလုံးမြို့နယ် #မင်းရပ်ရွာ #ပျူစောထီးအဖွဲ့ဝင် #ပစ်သတ်ခံရ #Ayeyarwaddy_Times