ဧရာဝတီတိုင်းမ်
မေလ ၅ ရက်
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံကို ထိန်းချုပ်ဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင် မြင်ခဲ့ပါဘူး။ မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်တွေရဲ့ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းဟာ ယခုအခါ တိုင်းပြည်အလယ်ပိုင်း မန္တလေးမြို့တော်ရဲ့ တောင်ဘက်နဲ့ အနောက်ဘက်အထိ လျော့နည်းလာခဲ့ပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ နေ့စဉ်နဲ့အမျှ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရပြီး CDM လှုပ် ရှားမှုနဲ့ လူထုထောက်ခံမှုကင်းမဲ့တာကြောင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ နေပြည်တော်အစိုးရ ဖြစ်လာတဲ့ စစ်ကောင်စီဟာ ထိန်းချုပ်နယ်မြေပြင်ပရှိ ဒေသတွေက ကစဉ့်ကလျားအခြေအနေကို ထိန်းချုပ်ဖို့ လေ တပ်ဖွဲ့ကို အားထားနေရပါတယ်။
မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုတို့က စစ်ကောင်စီနဲ့ ထိတွေ့ဆက် ဆံနေပြီး Track 1.5 လို့ခေါ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေပြုလုပ်ပြီး မြန်မာ့အရေးဖြေရှင်းဖို့ လမ်းစရှာနေပါ တယ်။ မြန်မာ့အရေးဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံထားတဲ့ အာဆီယံအဖွဲ့ကို ပ ထုတ်ဖို့ အဆိုပါနိုင်ငံတွေက ကြိုးပမ်းနေပါတယ်။
ထိုင်းနိုင်ငံကဉီးဆောင်ကာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမှုတွေ မပြုလုပ်မီအထိ အာဆီယံအဖွဲ့ ဟာ မြန်မာ့အရေးမှာ အရေးပါတဲ့ ရပ်တည်ချက်အချို့ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကြောက်မတ်ဖွယ်ရာ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေ၊ အခြား ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ စိုးရိမ်စရာတွေကို အလေးမထားတဲ့ တိုင်းပြည်တွေ ကြောင့် စစ်ကောင်စီဟာ အခုလိုမျိုး လူတောတိုးဖို့ ချည်းကပ်လာနိုင်တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်မှု လျော့နည်းလာမှု
တော်လှန်ရေးနယ်မြေတွေမှာ လုပ်ဆောင်နေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတစ် ခုဖြစ်တဲ့ Free Burma Rangers က မကြာသေးမီ ထုတ်ပြန်ခဲ့တဲ့ မြေပုံတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာ လူထု အုံကြွမှုကြောင့် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှု ဘယ်လိုကန့်သတ်ခံခဲ့ရတယ်ဆိုတာကို ပြသနေပါတယ်။ အဲဒီမြေပုံတွေမှာ တိုင်းပြည်အလယ်ပိုင်းပြင်ပရှိ အဓိကလမ်းမကြီးတွေဟာ ဗဟိုအစိုးရရဲ့ ထိန်း ချုပ်မှုအောက် မရှိတော့တာကို ပြသနေပါတယ်။
မြန်မာစစ်တပ်က အဆိုပါလမ်းမကြီးတွေအချို့ကို အသုံးပြုနိုင်ဆဲဖြစ်ပေမယ့် သေချာပြင်ဆင်ထားတဲ့ စစ် ဆင်ရေးတွေ၊ လူသားနဲ့ငွေကြေးကုန်ကျမှုမရှိဘဲ အသုံးမပြုနိုင်တော့ပါဘူး။ စစ်ကောင်စီဟာ တိုင်းပြည်ရှိ မြို့နယ် ၂၀ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ထိန်းချုပ်နိုင်တော့တယ်လို့ အကြီးတန်းသံတမန်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီက ပြီးခဲ့တဲ့နှစ်အတွင်း ပြောပါတယ်။ ကျန်ရှိတဲ့မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ယှဉ်ပြိုင်နေရပါတယ်။
မြန်မာနိုင်ငံရှိ ဒေသအချို့ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ မြေပုံမှာ အဖြူရောင်ပြထားတဲ့ဧရိယာတွေဟာ လွတ် မြောက်နယ်မြေသစ်တွေဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေသစ်တွေမှာ တိုင်းရင်းသားပေါင်းစုံအဖွဲ့တွေဟာ ERO တွေ၊ PDF တွေ၊ NUG သို့မဟုတ် အခြားအဖွဲ့တွေရဲ့ လမ်းညွှန်ချက်နဲ့ အုပ်ချုပ်ရေးယန္တယား တည်ဆောက်ဖို့ အတူ လက်တွဲနေတာဖြစ်ပါတယ်။
ခုခံသူတွေကို အကြောက်တရားသွတ်သွင်းဖို့ရည်ရွယ်တဲ့ ဘီလူးမဟာဗျူဟာရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဖြတ်သန်းသွားရာ မြို့၊ရွာတစ်လျောက်ရှိ ပြည်သူတွေကို မုဒိမ်းကျင့်၊ မီးရှို့၊ သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ် မဝင် ရောက်နိုင်တော့တဲ့ အဖြူရောင်ဧရိယာတွေ ရှိလာပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှု တွေဟာ ဖျက်စီးနိုင်စွမ်းအရှိဆုံး ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ တော်လှန်ရေးနယ်မြေတွေမှာနေထိုင်တဲ့ သန်းနဲ့ချီ နဲ့ပြည်သူတွေဟာ ဒရုန်းတွေနဲ့ ကင်းထောက်လှမ်းမှုကို ရင်ဆိုင်နေရပြီး ဒရုန်းနဲ့ထောက်လှမ်းပြီးရင် လေကြောင်း ကနေ တိုက်ခိုက်ခံရတော့မယ်ဆိုတာကို သိနေပါပြီ။
လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာဟာ တော်လှန်ရေးဒေသအများစုမှာ နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို ကောင်းမွန်စွာ ဖွဲ့စည်းလာနိုင်ပြီး ပိုမို စည်းလုံးညီညွတ်လာကာ ERO၊ နိုင်ငံရေးပါတီတွေနဲ့ တက်ကြွလှုပ်ရှားသူအဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု အားကေင်းလာခဲ့ပါတယ်။ တော် လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးမှုမရှိရင် ချေမှုန်းခံရ သို့မဟုတ် ပြိုလဲမှာဖြစ်ပေမယ့် ညီညွတ်ရင် ဆန့်ကျင်ဘက် ဖြစ် လာမယ်ဆိုတာ လေ့လာသူတွေက အကြိမ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
မတ်လအတွင်း မြန်မာနိုင်ငံရဲ့ အချက်အချာနေရာဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီးဟာ တိုက်ပွဲဖြစ်ပွားမှု အ ရေအတွက်အရ တိုက်ပွဲအများဆုံးဖြစ်ပွားရာဇုန် ဖြစ်လာခဲ့ပါတယ်။ အကာအကွယ်သေချာလုပ်ထားတဲ့ လေတပ်အ ခြေစိုက်စခန်းတွေ၊ လက်နက်စက်ရုံတွေအပေါ် ဒုံးလက်နက်နဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ စစ်ကောင် စီခံတပ် နေပြည်တော်ရဲ့ ကီလိုမီတာ ၅၀ အတွင်းရှိ မြို့နယ်တွေမှာ ပဋိပက္ခတွေဖြစ်လာပြီး ဒီလအတွင်း နေပြည် တော်ရှိ ခရိုင်တွေနဲ့ပတ်ဝန်းကျင်ဧရိယာတွေမှာ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ စစ်ကောင်စီဟာ ချက်ချင်း ပြိုလဲ နိုင်ဖွယ်မရှိပေမယ့် တိုက်ခိုက်မှုပေါင်းစုံကြောင့် ပိုအခက်တွေ့လာနိုင်ပါတယ်။
– ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီနဲ့ အိမ်နီးချင်းတွေရဲ့ ဆက်ဆံရေး
အိမ်နီးချင်းတိုင်းပြည်တွေက အာဏာသိမ်းစစ်ကောင်စီကို ယုံကြည်စိတ်ချရသော အာဏာပိုင်အဖွဲ့အ စည်းတစ်ခုအဖြစ် ဆက်ဆံပေမယ့် စစ်ကောင်စီဟာ တိုင်းပြည်တွင်းရှိ နယ်မြေအများစုမှာ နိုင်ငံရေးနဲ့ စီးပွားရေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်စွမ်းမရှိပါဘူး။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စီးပွားရေးအရ အ ကျိုးစီးပွားတွေရှိနေပြီး အကျိုးစီးပွားအခြေခံ လက်တွေ့ဝါဒကျင့်သုံးတဲ့ တရုတ်နိုင်ငံမှ သင်ယူစရာတွေ ရှိနေပါ တယ်။
စစ်ကောင်စီဟာ ဗီဇာရုံးတွေ၊ လေဆိပ်တွေ၊ ဘဏ်တွေလိုမျိုး အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ထိန်းချုပ်ထားသူအဖြစ် အသိအမှတ်ပြုပေမယ့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ခု၊ နိုင်ငံ ရေးပါတီတွေနဲ့ ထိတွေ့ဆက်ဆံနေပါတယ်။ စစ်ကောင်စီ ပြိုလဲနေပေမယ့် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း ဓာတ် ငွေ့ပိုက်လိုင်း စီးဆင်းအောင်နဲ့ ကုန်သွယ်ရေးဂိတ်တွေ ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံ အချို့က မြန်မာကို ဘော်လ်ကန်ဒေသလို ဖြစ်လာမှာစိုးရိမ်နေပါတယ်။
အဓိက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်ခေါင်းဆောင်တွေကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အမျိုးသားညီညွတ်ရေးအစိုးရ (NGU) ကို ဖွဲ့စည်းခဲ့ပါတယ်။ တရုတ်နဲ့နီးစပ်မှုရှိတဲ့ ERO တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG က ပုံမှန် ဆွေးနွေးနေပြီး PDF တွေဟာ စစ်ဌာနချုပ်သုံးခုမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ တင်းမာမှုတွေ၊ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိလင့်ကစား စည်းလုံးညီညွတ်မှုက တစ်လပြီးတစ်လ တိုးလာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှ သဘောတူခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြင်ဆင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားတွေကြား တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီစည်းမျဉ်းကို အခြေခံတဲ့ ပြည် ထောင်စုသစ်တစ်ခု ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကစဉ့်ကလျားအခြေအနေနဲ့ မတည်ငြိမ်မှု ဘယ်တော့မှ အဆုံးမသတ်မှသာ အကျိုးဖြစ်ထွန်းနေတဲ့ အာရှတိုင်းပြည်တွေကသာ စစ်ကောင်စီ ရှင်သန်နိုင်အောင် ဆက်လက် ထောက်ခံမှာဖြစ်ပါတယ်။
– ပြတ်သားရမယ့်အချိန်
Track 1.5 ဆွေးနွေးပွဲနဲ့ အဆိုပါဆွေးနွေးပွဲမှာပါဝင်တဲ့တိုင်းပြည်တွေက မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ဆက် လက်ပြီး ထိတွေ့ဆက်ဆံနေရင် ဖြစ်နိုင်ဖွယ်ရာအရှိဆုံးရလဒ်မှာ အဆိုပါတိုင်းပြည်တွေဟာ မြေပြင်မှာ အမှန်တစ် ကယ်ဖြစ်ပျက်နေတာတွေနဲ့ ပိုမို ကင်းကွာလာမှာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ နည်းလမ်းရှာနေတဲ့ တိုင်းပြည်တွေ၊ ကုမ္ပဏီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ အကောင်း သို့မဟုတ် အဆိုး အတွက် အမှန်တစ်ကယ် အကျိုးသက်ရောက်မှုတစ်ရပ် ရှိလာနိုင်သူတွေသာ ဖြစ်လာမှာဖြစ်ပါတယ်။
ဆိုလိုတာက မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ကို ဆရာတင်နေတဲ့ ကမ္ဘာတစ်ဝန်းက အဆိုပါတိုင်း ပြည်တွေဟာ ချည်းကပ်နည်းသစ်တစ်ခု လိုအပ်နေပြီဖြစ်ပါတယ်။
အရင်းအမြစ်ဆာလောင်နေတဲ့ တရုတ်နိုင်ငံက တော့ ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းနေမည်သာဖြစ်ပါတယ်။ အာဆီယံအဖွဲ့အပြင် ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အနောက်နိုင်ငံတွေဟာ အာဆီယံအဖွဲ့မှတစ်ဆင့် မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် ပြည်ပဒီမိုကရေစီနိုင်ငံတွေအတွက် ပိုမို တိုက်ရိုက်ကျတဲ့ ချည်းကပ်နည်းတစ်ခု လုပ်ဆောင်ဖို့ အချိန်ကျပြီဖြစ်ပါ တယ်။
ပထမဆုံး ရည်မှန်းချက်တစ်ခုကတော့ တိုင်းပြည်ကောင်းစားရေးအတွက် စစ်တပ်ကို နိုင်ငံရေးကနေဖယ် ရှားဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီရမှာဖြစ်ပြီး နိုင်ငံတော်နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ အား ကောင်းလာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မေလ ၃ ရက်က The Diplomat ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Kim Jolliffe ရဲ့ Myanmar’s military is no longer in effective control of the country ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။