ဧရာဝတီတိုင်းမ်
မေလ ၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်မှာ မေလ ၄ ရက်နေ့က လက်လုပ်မိုင်း ၃၈ လုံးတွေ့ရှိ ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေလာရောက်သိမ်းဆည်း သွားတယ်လို့ သိရပါတယ်။

ထန်းကုန်းလေး ၂ လမ်းက နေအိမ်ခြံ၀န်းထဲမှာ ယနေည ၇ နာရီအချိန်က လက်လုပ်မိုင်း ၃၈ လုံးတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” အိမ်က ပထမပိုင်ရှင်က ရောင်းသွားတာ ငပုတောဘက်က လူက၀ယ်ထားတာ၊ လာမနေပဲထားတာ ၃လလောက်တော့ရှိပြီ။ ဒီနေ့မှအိမ်သန့်ရှင်းရေးလုပ်
ရင်း ဗုံးတွေတွေ့တာ၊ ရဲတွေစစ်သားတွေ အများကြီး ရောက်လာတယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

အိမ်ပိုင်ရှင်ဟာ ငပုတောမြို့မှာနေထိုင်သူဖြစ်ပြီး ၀ယ်ယူထားပြီး ၃ လအကြာမှာ သူနေထိုင်ဖို့အတွက် နေအိမ်နဲ့ ခြံကိုသန့်ရှင်းရေးလုပ်ရာက အိမ်နောက်ဖေးဘက်မှာ အဝါရောင် ပလပ်စတစ်ဗုံးနဲ့ထည့်ထားတဲ့ လက်လုပ်မိုင်းတွေကိုတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်လုပ်ဗုံးတွေတွေ့ရှိကြောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ပြီး ရဲနဲ့စစ်တပ်ကလာရောက်စစ်ဆေးရာမှာ လက်လုပ်မိုင်း အသက်သွင်းပြီးသား ၃၅ လုံးနဲ့ သက်မဲ့ ၃လုံး တွေ့ခဲ့တာလို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။

လက်ရှိမှာ လက်လုပ်မိုင်းတွေကို ဖောက်ခွဲဖျက်ဆီးဖို့ နတခ တပ်ထဲကိုစစ်တပ်က ယူဆောင်သွားပြီးရဲနဲ့စစ်ကောင်စီက အမှတ် ၁ ရပ်ကွက်အတွင်းမှာ
မသက်ဆိုင်တဲ့ ဒေသခံတွေ ဖမ်းဆီးခံမှာကို
ဒေသခံတွေက စိုးရိမ်နေတယ်လို့သိရပါတယ်။

#ပုသိမ်မြို့ #လက်လုပ်မိုင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times