ဧရာဝတီတိုင်းမ်
မေလ ၄ ရက်

ယူကရိန်းနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်ပစ်ဒုံးအမျိုးအစားတစ်မျိုး ပေးပို့မယ်လို့ အမေရိကန် နိုင်ငံက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံကပေးပို့မယ့် Hydra-70 အမျိုးအစား လေယာဉ်ပစ်ဒုံးဟာ ယူကရိန်းနိုင်ငံသို့ပေးအပ်တဲ့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ ထပ်တိုး လုံခြုံရေးအကူအညီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ HIMARS ဒုံးကျည်တွေအပြင် ဟောင်ဝှစ်ဇာအမြောက်ကြီးတွေလည်း ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃ ရက်မှာ ကြေညာခဲ့ပါ တယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံက ယူက ရိန်းသို့ စုစုပေါင်း ဒေါ်လာ ၃၅ ဒသမ ၇ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန် ကြီးဌာနက ဆိုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ စစ်မြေပြင် လိုအပ်ချက်တွေ၊ ရေရှည် လုံခြုံရေးအကူအညီ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးဖို့ အမေရိကန်နိုင်ငံက မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

သမ္မတ ဗလာဒီမာပူတင်ကို လုပ်ကြံသတ်ဖြတ်တဲ့ ကြိုးပမ်းတဲ့အနေနဲ့ သမ္မတနန်းတော်သို့ ဒရုန်းနှစ်စင်း စေလွှတ်ခဲ့တယ်လို့ ရုရှားက ယူကရိန်းကို စွပ်စွဲလိုက်ပါတယ်။

မော်စကိုမြို့တော်ရှိ ရုရှားအစိုးရရဲ့ သမ္မတနန်းတော်ကို ဒရုန်းနှစ်စင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားသမ္မတရုံးက မေလ ၃ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; US to provide Ukraine with air-launched rockets for the first time