ဧရာဝတီတိုင်းမ်
မေလ ၄ ရက်
ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး မစတင်မီ ရခိုင်ပြည်နယ်ရှိ အခြေအနေတွေကို စစ်ဆေးဖို့ အဖွဲ့ဝင် ၂၀ ဉီးပါ ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့သွားရောက်ဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလား ဒေ့ရှ်အာဏာပိုင်တွေ အတည်ပြုပါတယ်။
စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် မြန်မာနိုင်ငံမှထွက်ပြေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လာမည့် သောကြာနေ့မှာ မြန်မာနိုင်ငံသို့သွားရောက်ဖို့ မျှော်မှန်းပါတယ်။
“တစ်ရက်ကြာ ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူအချို့က ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့နဲ့ အတူ လိုက်ပါမှာဖြစ်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေး မဟာမင်းကြီး မီဇာနူရာမန်က ပြောပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်ခုအဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ဖြိုခွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၇၇၀၀၀၀ ကျော် ရောက်ရှိပြီးနောက်ပိုင်း ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ပြန်ပို့ဖို့ နှစ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် နိုင်ငံသားဖြစ် ခွင့်နဲ့ လုံခြုံရေး အာမခံမှုမရှိရင် နေရပ်မပြန်ဘူးလို့ ရိုဟင်ဂျာတွေက ငြင်းဆန်ခဲ့တာကြောင့် အစီအစဉ် မအောင် မြင်ခဲ့ပါဘူး။
ရှေ့ပြေးစီမံကိန်းအရ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်နိုင်ဖို့ ရိုဟင်ဂျာ ၁၁၇၆ ဉီးကို မြန်မာစစ်ကောင်စီ က အတည်ပြုခဲ့ပေမယ့် ပြန်ပို့မယ့်ရက် မသတ်မှတ်ရသေးဘူးလို့ ရာမန်က ဆိုပါတယ်။
ရိုဟင်ဂျာ ၈၃၀၀၀၀ ဝန်းကျင်ရဲ့ အချက်အလက်တွေကို စုဆောင်းကာ အတည်ပြုဖို့ မြန်မာအာဏာပိုင် တွေထံ ပေးပို့ခဲ့ပြီးပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးစီမံကိန်းအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွား ရောက်ခဲ့တာကို သတိထားမိခဲ့ပေမယ့် အဲဒီအစီအစဉ်မှာ မပါဝင်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟမင်းကြီး (UNHCR) က မတ်လအတွင်း ပြောကြားခဲ့ပါတယ်။
အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းဖို့ နယူး ယောက်မြို့တော်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – La Prensa Latina
Ref; Rohingya delegates to visit Myanmar for repatriation plan