ဧရာဝတီတိုင်းမ်
(ထန်းတပင်)၊ မေလ ၄ ရက်
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ KNU တပ်မဟာ ၂ နယ်မြေတွင်းရှိ ကျေးရွာများအား မေလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းမှ တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်းရွာ၊ ကြို့ပင်သာရွာများသို့ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကာ နေအိမ်ပျက်စီးမှုများလည်းရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲတွေဖြစ်တာ၊ မနေ့က ဘုံမ္မတီးရွာ ဘက်မှာ တပ်မဟာ ၂ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး နောက် ပြည်သူတွေပဲကျန်တဲ့အချိန်မှာ လာရောက်ပစ်ခတ်တာ” ဟု ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်
သေဆုံးခဲ့ရသူများမှာ အသက် (၃၀) နှစ်အရွယ်တွေဖြစ်သည့် ကိုရဲစိုးအောင်၊ မလဲ့လဲ့ခိုင်နှင့် အသက် (၂၂)နှစ်အရွယ် မစုလှိုင်အေးတို့ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
မစုလှိုင်အေးမှာ ရေချိုးနေချိန်လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးခေါင်းပြတ်ကာ သေဆုံးခဲ့ရကြောင်း နီးစပ်သူများကလူမှုကွန်ရက်တွင် အတည်ပြုပြောဆိုထားကြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရာနယ်မြေများအတွင်း ဇန်နဝါရီလမှ မတ်လအထိ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁၁၆ ကြိမ်အထိရှိခဲ့ပြီး ပြည်သူသေဆုံးမှု ၁၅ ဦးအထိရှိခဲ့ကာ ဒဏ်ရာရရှိသူ ၂၀ ဦးရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဧပြီလထုတ်အစီရင်ခံစာအရ သိရသည်။
#ထန်းတပင် #လေကြောင်းတိုက်ခိုက်မှု #သေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times