ဧရာဝတီတိုင်းမ်
မေလ ၃ ရက်

ဧရာဝတီတိုင်းမှာ မုန်တိုင်းအရှိန်ကြောင့် မေလဒုတိယပတ်အတွင်း လေပြင်းတိုက်တာတွေနဲ့ ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သီးခြားလွတ်လပ်တဲ့ မိုးလေဝသပညာရှင်တွေက ခန့်မှန်း ထားပါတယ်။

ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်ဟာ မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ အားကောင်းလာပြီး မုန်တိုင်းအသွင်ကူးပြောင်းကာ ဆိုင်ကလုန်းမုန်တိုင်းအထိဖြစ်လာနိုင်ပြီး မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် အားကောင်းတဲ့ ဆိုင်ကလုန်းအဖြစ်ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင် မိုချာ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ချိန်မှာ မြေပြင်မှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၀၀ ကျော်ထိရှိလာနိုင်တယ်လို့ ခန်မှန်းချက်အသစ်လည်း ထွက်ပေါ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတမ်းကို မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်ထားတာလည်း တွေ့ရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းကျတာ၊ လှိုင်ကြီးတာနြ့ မုန်တိုင်းဒီရေတက်တာတွေဖြစ်လာနိုင်ပြီး မြန်မာ နိုင်ငံအနှံက တိုင်းနဲ့ပြည်နယ်တွေမှာ မိုးသည်းထန်တာ ရေလွှမ်မိုးတာ တောင်ကျချောင်းရေဆင်းတာနဲ့ တောင်ပြို မြေပြိုတာတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။