ဧရာဝတီတိုင်းမ်
မေလ ၃ ရက်
စစ်တပ်အာဏာသိမ်းထားတဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ လူနည်းစု ခရစ်ယာန်တွေ ကြား ဘာသာရေးလွတ်လပ်ခွင့် လျော့နည်းလာတယ်လို့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော် မရှင် (USCIRF) က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ စိုးရိမ်ဖွယ်ရာ တိုင်းပြည်တစ်ပြည်အဖြစ် မြန်မာနိုင်ငံကို ပြန်လည်သတ်မှတ်ဖို့ USCIRF က မေလ ၁ ရက်မှာ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
“၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်က သိသိသာသာ ဆက်လက် ကျဆင်းခဲ့ပါ တယ်။ စစ်တပ်က ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ဘာသာခြားတွေအပေါ် သိသိသာသာ ဖိနှိပ်ခဲ့ပါတယ်” လို့ USCIRF က နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာအတွင်း ပြောပါတယ်။
မြန်မာစစ်တပ်က ဘာသာရေးအဆောက်အအုံတွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေကို အကြမ်းဖက် ပစ် မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ မေလ ၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအတွင်း USCIRF က ပြောပါတယ်။
ကချင်၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်ရှိ ဘုရားရှိခိုးကျောင်းတွေ၊ ဆေးခန်းတွေနဲ့ ခရစ်ယာန်သီလရှင် ကျောင်းတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဘာသာ ရေးဆရာတေ္ အများအပြားဟာ ဖမ်းဆီးခံခဲ့ရပါတယ်။
ထောင်နဲ့ချီတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားရှိခိုကျောင်းတွေနဲ့ တောတောင်ထဲမှာ ခိုလှုံခဲ့ရ တယ် လို့ USCIRF အစီရင်ခံစာက ဆိုပါတယ်။
လူဉီးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်က လူဉီးရေရဲ့ ၆ ရာခိုင်နှုန်းနီးပါးရှိပြီး မူဆလင်ဘာသာဝင်က ၄ ဒသမ ၃ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေလိုပဲ မူဆလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ် နေတဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်တွေ ဖိနှိပ်ခံနေရတယ်လို့ USCIRF က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်လာဖို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အပြုသ ဘောဆောင်စွာ ထိတွေ့ဆက်ဆံဖို့ USCIRF က အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ် ကစ္စတန်၊ တာမေ့နစ်္စတန်တို့နဲ့အတူ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်ပျက်စာရင် သွင်းထားပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အမေရိကန်နိုင်ငံက စစ်ကောင်စီခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါ တယ်။
ကိုးကား – UCA News
Ref; US body highlights declining religious freedom in Myanmar