ဧရာဝတီတိုင်းမ်
မေလ ၃ ရက်
ဗြိတိန်နိုင်ငံက မေလ ၆ ရက်မှာပြုလုပ်မယ့် ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲသို့ ရုရှား၊ ဘီလာရုစ်၊ အီရန်၊ မြန် မာ၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဗင်နီဇွဲလားခေါင်းဆောင်တွေကို မဖိတ်ကြားခဲ့ဘူးလို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေး အပြည့်အဝရှိတဲ့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံ့အကြီးအကဲတွေကို ချားလ်ဘုရင် ရဲ့ နန်းတက်ပွဲသို့တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် ခုနှစ်နိုင်ငံကိုတော့ မဖိတ်ကြားခဲ့ပါဘူး။
မြောက်ကိုရီးယားနဲ့ နီကာရာဂွာနိုင်ငံတွေက နိုင်ငံ့အကြီးအကဲတွေအစား အကြီးတန်းသံတမန်တွေကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
အီရန်နဲ့ အခြားအပယ်ခံတိုင်းပြည်တွေကို သမိုင်းဝင် အခမ်းအနားဖြစ်တဲ့ ချားလ်ဘုရင်ရဲ့ နန်းတက်ပွဲသို့ တက်ရောက်ဖို့ မဖိတ်ကြားခဲ့တာလို့ ဗြိတိန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါ တယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လက်နက်လွှဲပြောင်းမှုတွေကြောင့် ဗြိတိန်၊ ဉရောပသမဂ္ဂနဲ့ အမေရိကန် နိုင်ငံတို့က ၂၀၂၂ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အီရန်နိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ ပါတယ်။
အမျိုးသမီးငယ်တစ်ဉီး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် အီရန်လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား ၅၀၀ ကျော်ကို သတ်ဖြတ်ကာ ၂၀၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ပါတယ်။
အီရန်နိုင်ငံက ယူကရိန်းနိုင်ငံမှာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဒရုန်းတွေ၊ အ ခြားလက်နက်တွေကို ရုရှားသို့ ပေးပို့ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Russia, Belarus, Iran, Myanmar Not Invited To King Charles’ Coronation