ဧရာဝတီတိုင်းမ်
မေလ ၃ ရက်

တရုတ် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိ နေပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက် ဖို့ အိန္ဒိယနိုင်ငံမှာ ဂိုအာမြို့သို့ ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မေလ ၂ ရက်မှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ မြန်မာနယ်စပ်တစ်လျောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ ကျင်ဂေါင်က တောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

နှစ်နယ်စပ်တစ်လျောက် သစ်တောထူထပ်တဲ့ တောင်တန်းတွေရှိပြီး လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်နိ မိတ် ထိစပ်ရာ ရွှေတြိဂံဒေသမှ တရုတ်နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးတွေ မှောင်ခိုကူးမှုကြောင့် နာမည်ဆိုးနဲ့ ကျော် ကြားပါတယ်။

ကျင်ဂေါင်ရဲ့ လာမဲ့ခရီးစဉ်ဟာ ဒီနှစ်အတွင်း အိန္ဒိယသို့သွားရောက်မယ့် ဒုတိယမြောက်ခရီးစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ကျင်ဂေါင်ဟာ နယူးဒေလီမြို့မှာပြုလုပ်တဲ့ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက် ရောက်ဖို့ မတ်လအတွင်းက အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပါသေးတယ်။

“အစည်းအဝေးအတွင်း ကျင်ဂေါင်ဟာ နိုင်ငံတကာနဲ့ ဒေသတွင်းအခြေအနေ၊ ဒီနှစ် SCO ထိပ်သီးဆွေး နွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်မယ့် အကြောင်းအရာတွေ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန် ကြီးတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်” လို့ မော်နင်က ပြောပါတယ်။

SCO အစည်းအဝေးတက်ရောက်ပြီးရင် ကျင်ဂေါင်ဟာ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးဖို့ ပါကစ္စတန်သို့ သွားရောက်မှာဖြစ်ပါတယ်။ ကျင်ဂေါင်ဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးနောက် ပါကစ္စတန်သို့ ပထမဆုံးအ ကြိမ် သွားရောက်မှာဖြစ်ပါတယ်။

ဒေသတွင်း အခြေအနေတွေကို ဆွေးနွေးဖို့ တရုတ်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကြား သုံးနိုင်ငံ ဆွေး နွေးပွဲရှိလာနိုင်တယ်လို့ သတင်းအချို့က ဖော်ပြပါတယ်။

ကိုးကား – The New Indian Express
Ref; China’s Foreign Minister to visit India for SCO meet, will then head to Pakistan

#Ayeyarwaddy_Times