ဧရာဝတီတိုင်းမ်
မေလ ၃ ရက်
ပုဒ်မ ၅၀၅-က ဖြင့် ထောင်ချထားသည့် နိုင်ကျဉ်း ၂၁၅၃ ယောက်ကို ယနေ့ မေလ ၃ရက်နေ့တွင် လွှတ်ပေးမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့လွှတ်ပေးရာတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် ကျန်ကာလ တစ်နှစ်အောက်ရှိသူများကို လွှတ်ပေးခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီက ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် ယခုအကြိမ်သည် နိုင်ကျဉ်းများကို သီးခြားလွှတ်ပေးခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးနှင့်နီးစပ်သူများထံက သိရသည်။
ယခုလွတ်မြောက်သည့် ၂၁၅၃ ဦးတွင် မကြာခင်ပုံမှန်လွတ်ရက်စေ့ဖြင့် လွတ်မြောက်တော့မည့် နိုင်ကျဉ်းများအများစု ပါဝင်ပြီး ကျင့် ၄၀၁ (၁)အရ ကြိုးချည်လွှတ်လိုက်ခြင်းသာ ဖြစ်သည်ဟု နိုင်ကျဉ်းဟောင်းအများစုကဆိုသည်။
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အ ထိမ်းအမှတ်၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေး ချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကျဉ်းသား အကျဉ်းသူ ၂၁၅၃ ယောက်ကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပ ဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက် လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ် ချက်ဖြင့် ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုလျှော့ပေါ့၍ ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ပုံအဟောင်းအားပြန်လည်အသုံးပြုထားပါသည်။
#Ayeyarwaddy_Times