ဧရာဝတီတိုင်းမ်
မေလ ၂ ရက်
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ပိုင်း ယူကရိန်းစစ်ပွဲမှာ ရုရှးတပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော် သုတ်သင်ခံခဲ့ရတယ် လို့ အမေရိကန်နိုင်ငံက ခန့်မှန်းပါတယ်။
အဆိုပါကာလအတွင်း ရုရှားတပ်ဖွဲ့ဝင် ၈၀၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားပါတယ်။
ကျဆုံးရုရှားတပ်ဖွဲ့ဝင်တွေရဲ့ထက်ဝက်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဘာမွတ်မြို့တော်မှာ တိုက်ခိုက်နေ တဲ့ ဝါဂနာကြေးစားကုမ္ပဏီမှ ကြေးစားတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ရုရှားနိုင်ငံက ဘာမွတ်မြို့တော်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားပေမဲ့ မြို့တော်အနောက်ပိုင်းဧရိယာ ကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
“ဘာမွတ်မြို့မှတစ်ဆင့် ဒွန်ဘတ်စ်ဒေသမှာ ထိုးစစ်ဆင်ဖို့ ရုရှားနိုင်ငံရဲ့ကြိုးပမ်းမှုက ကျဆုံးခဲ့ပါတယ်။ ရု ရှားနိုင်ငံဟာ မဟာဗျူဟာကျတဲ့ ပိုင်နက်နယ်မြေတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး” လို့ ကာဘီက ပြောပါ တယ်။
“ရုရှားနိုင်ငံဟာ ဒီဇင်ဘာလနောက်ပိုင်း ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၂၀၀၀၀ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀၀၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်” လို့ သူက ဆိုပါတယ်။
ဘာမွတ်မြို့ဟာ မဟာဗျူဟာအရ သိပ်အရေးမပါပေမယ့် ရုရှားသမ္မတရုံးကို သတင်းကောင်းပေးဖို့ ရုန်း ကန်ခဲ့ရတဲ့ ရုရှားတပ်မှူးတွေအတွက် အဓိကနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ရာဇဝတ်ကောင်တွေကို အသုံးပြုပြီး လူမဆန်သောနည်းလမ်းတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားလာ တဲ့ ဝါဂနာကြေးစားတပ်ဖွဲ့က ဘာမွတ်မြို့အပေါ ရုရှားတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုမှာ အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။
တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ရုရှားတပ်ဖွဲ့တွေကို ဘာမွတ်မြို့တော်ရှိ နေရာအချို့မှ မောင်းထုတ်နိုင်ခဲ့ ပေမယ့် အခြေအနေက ခက်ခဲဆဲပဲလို့ ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဉီးက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေ၊ ဝါဂနာကြေးစားတပ်ဖွဲ့တွေက အကျအဆုံးများစွာဖြင့် ဘာမွတ်မြို့ကို အဆက်မပြတ် တိုက်ခိုက်နေပေမယ့် မြို့တော်ကို မထိန်းချုပ်နိုင်သေးဘူးလို့ ယူကရိန်းမြေပြင်တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး အို လက်ဆန်ဒါဆာစကီးက တယ်လီဂရမ်မှာ ပြောပါတယ်။
ကိုးကား – BBC
Ref; Ukraine war: More than 20,000 Russian troops killed since December, US says