နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/မတ်လ၂ရက်
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို သေနက် နှစ် လက်နှင့်အတူ ဖမ်းဆီးရမိ၍ ထိုင်းအာဏာပိုင်များက တရားမဝင်လက်နက်ကိုင်ဆောင်မှု့ဖြင့် ဖမ်းဆီးထားကြောင်းသိရသည်။
ယမန်နေ့ မေလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်က မဲဆောက်မြို့ အုံးဖြန် ကားလမ်းမ အတိုင်း ဆိုင်ကယ်မောင်းနင်လာသည့် လူငယ် နှစ် ဦးကို မသင်္ကာ၍ ထိုင်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးခဲ့ရာ AK-47 သေနတ် (၁) လက် ၊ ပါကင်ဗူးဖြင့်ထည့်ထားသည့် အမျိုးအစား စိစစ်ဆဲ သေနက်အရှည် (၁) လက်တို့အား စာလာအိတ်ဖြင့်ပတ်ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ သူတို့ နှစ်ယောက်ကို မဲဆောက်မြို့နယ်ရဲစခန်းမှာ တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ အမှု့ဖွင့်အရေးယူထားတယ်” ဟု မဲဆောက်ရဲစခန်းနှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်း လုံခြုံရေး တင်းကျပ်စွာချထားပြီး မြန်မာနိုင်ငံဘက်အခြမ်း ကရင်ပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၊ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းအဖွဲ့တို့တိုက်ပွဲများ ဖြစ်ပွားနေ၍ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ စစ်ဘေးရှောင်နေကြသည့် မြန်မာနိုင်ငံသားများ အများအပြားရှိကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံကသိရသည်။
#ထိုင်းနိုင်ငံ #မဲဆောက် #မြန်မာနိုင်ငံသား၂ဦး #တရားမဝင်လက်နက်ကိုင်ဆောင် #ဖမ်းဆီးခံရ #Ayeyarwaddy_Times