ဧရာဝတီတိုင်းမ်
မေလ ၂ ရက်

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားသမှုရှိကာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုပြန်လည်ရရှိစေမဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ အားပေးသင့်တယ်လို့ တရုတ် နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတ မန် နိုလန်းဟေဇာနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ဖို့ အိမ်နီးချင်းတိုင်းပြည်တစ်ခုအနေနဲ့ တရုတ်နိုင်ငံ က အခြားတိုင်းပြည်တွေထက် မျှော်လင့်ပေမဲ့ မြန်မာ့အရေး နောက်ခံသမိုင်းကြောင်းက ရှုပ်ထွေးတာကြောင့် ပြဿနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းလို့မရဘူးလို့ ကျင်ဂေါင်က ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားသမှုရှိကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ မူဘောင်အရ နိုင်ငံရေးဆွေးနွေးမှုတွေကတစ်ဆင့် သဘောထားကွဲလွဲမှုတွေ ကျဉ်းမြောင်းဖို့နဲ့ နိုင်ငံ ရေး အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် စတင်နိုင်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို အားပေးသင့်တယ်လို့ သူ က ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို လေးစားသမှုရှိ ကာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာမှုအကူအညီ ပေးအပ်ခွင့်ပြုရေး၊ မြန်မာနိုင်ငံသို့ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ခွင့်ပြုရေး ပါဝင် တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုကို အားပေးသင့်တယ်လို့ သူက ပြောပါတယ်။

“တင်းမာမှုတွေ အရှိန်မြှင့်လာတာနဲ့ အကျပ်အတည်း ကူးစက်လာတာကို လက်တွေ့ကျကျ တားဆီးရေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ကျင်ဂေါင်က ပြောပါတယ်။
တရုတ်နိုင်ငံက ကုလသမဂ္ဂ အတွင်ရေးမှူးချုပ် နိုလန်းဟေဇာရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီလိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာ့အရေး အဖြေရှာဖို့ကို မြန်မာနိုင်ငံကသာ ဉီးဆောင်သင့်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားသ မှုရှိသင့်တယ်လို့ နိုလန်းဟေဇာက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှုက အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ် မှာ ခြားနားမှုတစ်ခု ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရရှိဖို့၊ ဒေသတွင်း ဘုံဖွံ့ဖြိုးရေးနဲ့ သာယာဝပြောရေး မြှင့်တင်ဖို့ ကုလသမဂ္ဂက အားပေးပြီး လူ့အခွင့်အရေးကို လေးစားသမှုရှိကာ ကာကွယ်စောင့် ရှောက်တယ်လို့ နိုလန်းဟေဇာက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တက်ကြွသော အခန်းကဏ္ဍတစ်ရပ်ကနေ အာဆီယံအဖွဲ့ ပါဝင်ရေးကို ကုလသမဂ္ဂက ထောက်ခံတယ်လို့ နိုလန်းဟေဇာက ဆက်ပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း နိုလန်းဟေဇာက ဆို ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ပါဝင်ကူညီမှုတွေ ဆက်လက်ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ကိုးကား – CGTN
Ref; Chinese FM meets with UN special envoy over Myanmar issue